ဦးဝီရသူအတွက် စတုတ္ထအကြိမ်မြောက် ဆုတောင်းပွဲ

ဖမ်းဝရမ်း ထုတ်ခံထားရသည့် မဘသ ဆရာတော် ဦးဝီရသူအတွက် စတုတ္ထအကြိမ်မြောက် ရဟန်း ၊ လူပုဂ္ဂိုလ်ရာချီသော လမ်းလျှောက် ဆုတောင်းပွဲကို ဇွန်လ ၁ဝရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးရှိကြေးသွန်းဘုရားအရှေ့မှစတင်ကာ ဆူလေးဘုရား၊ မြိုတော်ခန်းမ ရှေ့အထိ လမ်းလျှောက်ခဲ့သည်။

ဆုတောင်းပွဲ တက်ရောက်လာသူများက မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ပါစေ။ ဗုဒ္ဓသာသနာ့ အန္တရာယ်များ ကင်းဝေးပါစေ။ ဆရာတော်ဦးဝီရသူဘေးရန်ကင်းပါစေ။ ဆရာတော်ဦးဝီရသူ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ။ ဗုဒ္ဓသာသနာ နှင့်သံဃာတော်များ ဖိနှပ် ချုပ်ခြယ်ခံရခြင်းမှ ကင်းဝေးကြပါစေ၊ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ် ရန်ဘေး ကင်းစဉ်ဝေးငြိမ်းအေးကြပါစေ စသည့် အချက် ၈ ချက်ကို ကြွေးကြော်ခဲ့သည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ