စစ်ပွဲများ ရပ်တန့်ရေးအတွက် လူငယ်များ ဆန္ဒထုတ်ဖော်

ကချင်ဒေသအပါအဝင်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော စစ်ပွဲများ အပါအဝင် စစ်ပွဲတွေအားလုံး ရပ်တန့်ပေးဖို့အတွက် လူငယ်တွေစုပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဇွန်လ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းစျေး အရှေ့မှ စတင်ကာ ဆူးလေ လူကူးခုံးကျော်တံတားအထိ စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒဖော်ထုတ်သော လူငယ်အဖွဲ့များတွင် ကချင်လူငယ်အဖွဲ့(ရန်ကုန်)၊ ရခိုင်ကျောင်းသားသမဂ္ဂ၊ လူ့ဘောင်သစ် လူငယ်အဖွဲ့ တွေက ပါဝင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ