စွန့်ပစ်ဇုန်က ချာနိုဘိုင်းစီးရီးရဲ့ ရိုက်ကွင်းနေရာများ

စွန့်ပစ်ဇုန်က ချာနိုဘိုင်းစီးရီးရဲ့ ရိုက်ကွင်းနေရာများ

ချာနိုဘိုင်းနျူကလီးယားစွမ်းအင်စက်ရုံဘေးက စွန့်ပစ်ဇုန်မှာ ချာနိုဘိုင်းဇာတ်လမ်းတွဲ (စီးရီး) ရိုက်ကူးရာ နေရာတွေကို လာရောက်ကြည့်ရှု လည်ပတ်သူတွေကို ဇွန်လ ၇ ရက်က တွေ့ရပါတယ်။

အဆိုပါနျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကျယ်ပြန့်တဲ့ ရှင်းလင်းရေးလုပ်ငန်းတွေနဲ့ နောက်ဆက်တွဲ စုံစမ်းမှုတွေကို သရုပ်ဖော်ထားတဲ့ Chernobyl (2019) မီနီစီးရီး (ဇာတ်လမ်းတွဲ အတို) ကို HBO က ရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံမီဒီယာအရ အမေရိကန်တယ်လီဗီးရှင်း မီနီစီးရီးရဲ့ အောင်မြင်မှုက ကမ္ဘာ့အဆိုးဝါးဆုံး နျူကလီးယား မတော်တဆဖြစ်ပွားခဲ့ရာ စက်ရုံနဲ့ စွန့်ပစ်မြို့ Prypyat သို့ ခရီးသွားအများအပြားကို သွားရောက်မြင်တွေ့လိုစိတ်ဖြစ်တဲ့အထိ ဖော်ပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ - အီးပီအေ)