နှင်းဆီဖြူကမ်ပိန်းနှင့် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လနောက်ဆုံးရက် ဝတ်ပြုဆုတောင်းမှု

နှင်းဆီဖြူကမ်ပိန်းနှင့် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လနောက်ဆုံးရက် ဝတ်ပြုဆုတောင်းမှု

*******************************

အစ္စလာမ်ဘာသာဝင်များ၏ အိဒ်နေ့အထိမ်းအမှတ် ဘာသာပေါင်းစုံချစ်ကြည်ရေး အတွက် ရည်ရွယ်ကာ ကိုးကွယ်ယုံကြည်မှုပေါင်းစုံမှမိတ်ဆွေများ ပူးပေါင်းပါဝင်ကြသော နှင်းဆီဖြူကမ်ပိန်း ပြုလုပ်ခြင်းနှင့် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လနောက်ဆုံးရက် ဝတ်ပြုဆုတောင်းမှုမြင်ကွင်းများကို ဇွန် ၅ ရက်က မန္တလေးမြို့တွင် တွေ့မြင်ရစဉ်။ နှင်းဆီဖြူကမ်ပိန်းကို ဘာသာပေါင်းစုံတိုင်း၏ အထင်ကရ အထိမ်းအမှတ်နေ့များတွင် အမြဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘာသာပေါင်းစုံ အတူတကွချစ်ခင်စွာ ယှဉ်တွဲနေထိုင်နိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါ ကမ်ပိန်း ပြုလုပ်သူများထံမှ သိရသည်။

ဓာတ်ပုံ ဘိုဘို မဇ္ဈိမ