အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် အဓိကရုဏ်းများဖြစ်

အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် အဓိကရုဏ်းများဖြစ်

အင်ဒိုနီးရှားမှာ တရားဝင် ရွေးကောက်ပွဲ ရလဒ်တွေကို ထုတ်ပြန်ကြေညာပြီးနောက် မေ ၂၁ ရက်ညပိုင်းကစ မြို့တော် ဂျာကာတာမှာ ဆန္ဒပြနေစဉ်အတွင်း အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ပါတယ်။ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ အနည်းဆုံးလူ (၆)ဦး သေဆုံးပြီး အယောက် (၂၀၀) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုကို အနိုင်ရရှိကြောင်း မေ ၂၁ ရက်အစောပိုင်းက ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးနောက် သမ္မတအေဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)