ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ၄ ကြိမ်မြောက် သိမ်းပိုက်လိုက်တဲ့ ရီးယဲလ်မက်ဒရစ်

၂၀၁၈ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အိမ်ရှင် ယူအေအီးကလပ် အယ်လ်အိန်းအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ၄ ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ) ဒါ့အပြင် ရီးယဲလ်အသင်းဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ၃ ကြိမ်ဆက်အဖြစ် မှတ်တမ်းဝင် ဆွတ်ခူးရယူနိုင်ခဲ့သလို စုစုပေါင်း ချန်ပီယံဆု ၄ ကြိမ်နဲ့ မဟာပြိုင်ဘက် ဘာစီလိုနာ ၃ ကြိမ်ကို ကျော်ဖြတ်ကာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၁၈ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ရလဒ်

ရီးယဲလ်မက်ဒရစ် ၄-၁ အယ်လ်အိန်း                    
မိုဒရစ် ၁၄ မိနစ်                                  ရှီအိုတာနီ ၈၆ မိနစ်
လော်ရန့်တေး ၆၀ မိနစ်
ရာမို့စ် ၇၈ မိနစ်
ယာဟီရာနာဒါ (OG ၉၀ မိနစ်)

၂၀၁၈ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆုတံဆိပ်များ 

ချန်ပီယံ - ရီးယဲလ်မက်ဒရစ်
ဒုတိယ - အယ်လ်အိန်း
တတိယ - ရေးဗားပလိတ်

ရွှေဘောလုံးဆု - ဂါရတ်ဘေးလ်
ငွေဘောလုံးဆု - ခိုင်ရို
ကြေးဘောလုံးဆု - ဆန်းတို့စ် ဘိုရီ
Fair Play Award - ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကလပ်ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ နှစ်များ
၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈

ကလပ်ကမ္ဘာ့ဖလား တတိယနေရာလုပွဲရလဒ်
ကာရှီးမားအန်တလာစ် ၀-၄ ရေးဗားပလိတ်