မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား ၃၆၀ နီးပါး ထိုင်းမှာ ဖမ်းဆီးခံရ

မေလ ၂၁ ရက်

မြန်မာ-ထိုင်း နယ်စပ်၊ မောတောင်-ပရာကျွတ် နယ်စပ်စခန်း အနီး ထိုင်းနိုင်ငံ နယ်ခီရီခန့် ခရိုင်တွင် မေလ ၁၉ ရက်က နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ဦးရေ ၃၆၀ နီးပါးကို ဖမ်းဆီးခဲ့ကြာင်း ထိုင်းနိုင်ငံ အခြေစိုက် Prachuap သတင်းဌာနတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် ရွှေ့ပြောင်း မြန်မာ လုပ်သား ၃၅၉ ဦးသည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သတင်းက ဆိုသည်။

အဆိုပါ မြန်မာ နိုင်ငံသားများသည် တစ်ဦးလျှင် ထိုင်းဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ (မြမ်မာကျပ်ငွေ ၁,၁၀၀,၀၀၀ နီးပါးမှ ကျပ် ၁,၆၀၀,၀၀၀ ဝန်းကျင် အထိ) ပေးပြီး လူပွဲစားဖြင့် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။