အာဘော်နှင့်အမြင် ပေးစာ ရန်ကုန်မြို့တွင်း ကားလမ်းပိတ်ဆို့မှုများ ပိုမိုဖြစ်ပွား (ပေးစာ)
ရန်ကုန်မြို့တွင်း ကားလမ်းပိတ်ဆို့မှုများ ပိုမိုဖြစ်ပွား (ပေးစာ) Print E-mail
အယ်ဒီတာ့ထံပေးစာ
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 12:38 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်တွင် ယခင်နှစ်များထက် ပိုမို၍ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိကာ ခရီးသွားများ အနေဖြင့် လမ်းမများပေါ်တွင် အချိန်များစွာ ကုန်ဆုံးလျက် ရှိသည်။

ပိုမို များပြားလာသော ရန်ကုန်မြို့ပေါ်ရှိ ယာဉ်အရေအတွက် အပြင် မီးပွိုင့်များ မကြာခဏ ပျက်စီးနေခြင်း၊ လမ်းများ ဆိုးရွားစွာ ပျက်စီးနေခြင်း၊ ယာဉ်စည်းကမ်းများကို မကြာခဏ ပြောင်းလဲ သတ်မှတ်နေခြင်းတို့ကြောင့် ရန်ကုန်မြို့၏ အချက်အခြာနေရာ တော်တော်များများမှာ ယဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပွားလျက် ရှိသည်။

ရန်ကုန်ရှိ ရွှေဂုံတိုင်မီးပွိုင့်ကို ဖြတ်သန်း သွားလာရသော ယာဉ်များအနေဖြင့် မီးပွိုင့်နှစ်ခါ သုံးခါ ဆက်တိုက် မိလေ့ရှိပြီး စောင့်စားရချိန်မှာ ၁၅ မိနစ်မှ ၂၅ မိနစ်အထိ ရှိသည်။ အချို့ အချိန်များတွင် ထိုထက်ပိုမိုပြီး ယဉ်တန်းများ အနေဖြင့် ရွှေဂုံတိုင် လမ်းမကြီးထက်တွင် မီးပွိုင့်မှ ခြောက်ထပ်ကြီး ဘုရားနားအထိ ရောက်ရှိနေတတ်သည်။ ထို့အပြင် ၀ိဇယမီးပွိုင့်၊ ပါရမီမ (ချော်တွင်းကုန်း) ပွိုင့်၊ လှည်းတန်း၊ တာမွေအ၀ိုင်းထိပ် မီးပွိုင့်၊ တာမွေဈေးထိပ်၊ ပန်းဆိုးတန်း (ကမ်းနားလမ်းထောင့်) တို့သည် ဆိုးဆိုးရွားရွား စောင့်စားရချိန် များပြားသော ပွိုင့်များ အဖြစ် ထင်ရှားပြီး လမ်းခရီး သွားလာနေသော ပြည်သူများအနေဖြင့် အခက်အခဲ ဖြစ်လျက် ရှိပါသည်။

ယဉ်စည်းကမ်း ထိမ်းသိမ်းရေး ကော်မတီမှ လမ်းမကြီးများပေါ်ရှိ မှတ်တိုင်အချို့ ပြောင်းလဲခြင်း၊ လိုင်းကားများအား တလမ်းမောင်း စနစ် သတ်မှတ်ခြင်း ၊ ကားမရပ်ရ နယ်မြေများ သတ်မှတ်ခြင်းဖြင့် ယဉ်ကြော ရှင်းလင်းရန် ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း တကယ့် လက်တွေ့တွင် ထိရောက်သော ဆောင်ရွက်ချက်များအဖြစ် မတွေ့ရဘဲ ယဉ်ကြောများ ပိုမို ရှုပ်ထွေးမှုဖြင့်သာ ရင်ဆိုင်နေကြရသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved