အာဘော်နှင့်အမြင် ပေးစာ သရက်မြို့မှာ ပညာရေး ကောင်းအောင်
သရက်မြို့မှာ ပညာရေး ကောင်းအောင် Print E-mail
အယ်ဒီတာ့ထံပေးစာ
သောကြာနေ့၊ စက်တင်ဘာလ 05 2008 14:06 - မြန်မာစံတော်ချိန်

အယ်ဒီတာခင်ဗျား ...

သရက်မြို့နယ် ပညာရေးဟာ ၂၀၀၇ ခုနှစ်က မကွေးတိုင်း ၂၅ မြို့နယ်မှာ အောင်ချက်အဆင့် ၂၄ အဆင့်ရပြီးတော့ အခု ၂၀၀၈ ခုနှစ် အောင်ချက်အဆင့်ဟာ အောက်တန်းမှာပဲ ဖြစ်နေပါတယ်။

တာဝန်ရှိသူတွေက ကျောင်းမှာ စာသင်ကြားရေးထက် ကျောင်းသန့်ရှင်းရေးကို အားသွန်ခွန်စိုက် လုပ်နေပါတယ်။ ကျောင်းသားတွေကို ကျောင်းကို ခေါ်ပြီး မိုးရွာမရှောင်၊ နေပူအရှောင် မြက်နုတ် တံမြက်စည်းလှည်းခိုင်း၊ သန့်ရှင်းရေးပဲ လုပ်ခိုင်းဆိုတော့ ကလေးတွေက ကျောင်းပြေးတာထက် ကျောင်းထွက်သာ များလာပါပြီ။ ကျောင်းတက်လည်း စာမတတ်တော့ ရပ်ကွက်ထဲမှာ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးပွဲ လက်မှတ်တွေ ရောင်းတာကိုပဲ ကောင်းတယ်လို့ ထင်နေလာကြပါတယ်။

ဒီအခြေအနေကို မြို့လူထုက အထက်ကို မကြာခဏ တိုင်ကြားခဲ့ပေမယ့် တိုင်းကိုဆင်းလာတဲ့ လူတွေကို မြို့နယ် မယက တွေ၊ ပညာရေးမှူးတွေက ''အားလုံး ကောင်းပါတယ် ခင်ဗျား'' လို့ပဲ ဖြစ်သွားကြတာပါပဲ။ ဒါကို ချုပ်ကိုင်ဖို့ ခရိုင် ခယက ကျပြန်တော့ သရက်မြို့နယ်မှာ ခယက အကြောင်းတွေက သိပ်များပါတယ်။ လက်ရှိ ခယက ဥက္ကဌ က ပြောင်းလာတာ ၂ နှစ်လောက် ရှိပါပြီ။ မြို့နယ်အကြောင်း လေ့လာသုံးသပ်ပါတယ်။

အခြေအနေအားလုံး သိပြီး ဒုစရိုက်မြို့မဖြစ်ရေး၊ ပညာရေးအဆင့် မြင့်မားရေးအတွက် ပြုပြင်မယ်လို့ စတင်ချိန်မှာ ပြောင်းမိန့် ထွက်လာပါတယ်။ ဒီလိုနဲ့ပဲ တလှည့်ပြီးတလှည့် အပြောင်းအလဲ များလာတော့ ဘာမှ မလုပ်နိုင်ဘဲ ရှိနေပါတယ်။

ရုတ်တရက် ၀င်စစ်မယ်ဆိုရာမှာလည်း စစ်ဆေးရေး ၀င်စစ်မယ်ဆိုတာ ကြိုတင်သိနေသေးသ၍ ဘာမှ အမှန်တရား ပေါ်လာမှာ မဟုတ်ပါဘူး။ ဒီမသမာမှုတွေကို ဖယ်ထုတ်ပေးနိုင်မယ် ဆိုရင်တော့ သရက်မြို့ဟာ ပြောင်းလဲတိုးတက်နိုင်ပါမယ်။

မကွေးတိုင်း သရက်မြို့ ဒေသခံတဦး ပေးပို့စာ

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved