အာဘော်နှင့်အမြင် ပေးစာ လောင်းကစားကြောင့် အကျင့်ပျက်ရပါလိမ့် (ပေးစာ)
လောင်းကစားကြောင့် အကျင့်ပျက်ရပါလိမ့် (ပေးစာ) Print E-mail
အယ်ဒီတာ့ထံပေးစာ
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ သြဂုတ်လ 25 2008 21:54 - မြန်မာစံတော်ချိန်

အယ်ဒီတာခင်ဗျား ...

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သည် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မြို့ ဖြစ်ပါသည်။

သွင်းကုန်ထုတ်ကုန် လုပ်ငန်း၏ အချက်အခြာမြို့ ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ လာရောက် ရင်းနှီးလုပ်ကိုင်သော ကုန်သည်ပွဲစားများ လက်လုပ်လက်စားများ မြို့နယ်ခံ ပြည်သူ၊ ကျောင်းသားလူငယ်များနှင့် စည်ကားသော မြို့ကြီး ဖြစ်ပါသည်။  

ထိုမြို့နေရာ အနှံ့တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော လောင်းကစား ဖဲစက်၊ သရဖူစက်၊ ကာဆီနိုစက်နှင့် သုံးလုံးတန်း ထရိုင်စက်များဖြင့် တရုတ်သူဋ္ဌေးများက လောင်းကစားရုံများ ဖွင့်လှစ်ထားပါသည်။ ထိုလောင်းကစားရုံများတွင် နေ့စဉ် သိန်းချီ၊ သောင်းချီ၊ ထောင်ချီ ဆုံးရှုံးနေသည်ကို တွေ့မြင်နေရပြီး ကုန်ဝယ်ရင်းနှီးများ ဆုံးရှုံးခြင်း၊ ကျောင်းသားလူငယ်များ ပျက်စီးခြင်း၊ လက်လုပ်လက်စားများ အခြေပျက် အနေပျက်သည်ကို တွေ့မြင်ရပါသည်။

လောင်းကစား ဆုံးရှုံးမှုများကြောင့် လုယက်မှု၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ လိမ်လည်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရပါသည်။ သို့ပါသောကြောင့် သက်ဆိုင်ရာ လူကြီးမင်းများ သိစေလိုပါ၍ အင်တာနက် စာမျက်နှာပေါ် တင်ပေးပါရန် ပေးပို့လိုက်ပါသည်။

မူဆယ်နယ်စပ်မှ တာဝန်သိ ပြည်သူတဦး
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved