|
ကလေးစစ်သား |
|
|
|
အယ်ဒီတာ့ထံပေးစာ
|
|
မဇ္ဈိမသတင်းဌာန
|
|
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 13 2008 13:03 - မြန်မာစံတော်ချိန် |
|
အယ်ဒီတာခင်ဗျား ...
အသက် 13 နှစ်လောက်သာ ရှိသေးတဲ့ လမ်းဘေးမှာ လေလွင့်နေတဲ့ ကလေးငယ်တဦးကို စစ်သားနှစ်ဦးက တောင်ကြီးကို လိုက်မလားဆိုပြီး ချော့တစ်ခါ ခြောက်တလှည့် ဖြားယောင်း သွေးဆောင်ပြီး ခေါ်နေတာကို မနေ့ညနေ (သြဂုတ်လ-11 ရက်) က ရန်ကုန်ဘူတာကြီး အတွင်းမှာ တွေ့လိုက်ရပါတယ် ..။
အခေါ်ခံရတဲ့ ကောင်လေးက ညစ်ပတ် ပေရေနေပြီး ခြေထောက်တွေက ယောင်ကိုင်း၊ ကျန်းမာရေး ကောင်းမယ်မထင်ပါဘူး .. အဲဒါကို ပုခုံးမှာ နှစ်ရစ် 99 ဆိုတဲ့ နံပါတ်ပါတဲ့ စစ်သားတယာက်က မင်း လိုက်ခဲ့ ဟိုရောက်ရင် ဆေးကုပေးမယ်တဲ့။ နောက်ပြီး မင်း ထွက်မပြေးရဘူးနော်လို့လဲ ပြောလိုက်သေးတယ် ..။ ကျနော်ကို ၀င်ပြောချင်ပေမယ့်လည်း ကိုယ့်ကို ဆွဲစိသွားမှာလည်း ကြောက်ရတဲ့အတွက် စိတ်မကောင်းစွာနဲ့ပဲ ငြိမ်နေလိုက်ရပါတယ် ..။ ဘေးနားမှာလည်း စစ်သား လေးငါးယောက်လောက် ရှိနေလို့ပေါ့ ..။
ဒီလို အဖြစ်တွေ မရှိသင့်ပါဘူး..။ မြန်မာနိုင်ငံမှာ အသက် 18 နှစ်အောက်ကို ကလေးစစ်သားလို့ သတ်မှတ်ထားပေမယ့်လည်း စစ်သား စုဆောင်းရေးမှာ ဂျိုကျိုးကျိုး၊ နားရွက်ပဲ့ပဲ့ တယောက်ရရင် ခေါ်ခဲ့သူတွေအတွက် အကျိုးအမြတ်က မသေးပါဘူး..။ ဒီလို မသိနားမလည်တဲ့ ကလေးတွေ .. ပညာမတတ်သူတွေကို နည်းအမျိုးမျိုး ဖြားယောင်းပြီး လက်ရှိ မြန်မာ တပ်မတော်ကြီး တောင့်တင်း ခိုင်မာရေးအတွက် အင်အား ဖြည့်တင်းနေကြပါတယ် ..။
ခရီးသွားတဦး ခေတ္တ ရန်ကုန်
|
 Contact: mizzima.news@gmail.com
|
သူတို့စကား
"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" ဦးဝင်းတင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်
|