တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > ကော့ကရိတ်-မြဝတီလမ်း တရားမျှတစေချင်

ကော့ကရိတ်-မြဝတီလမ်း တရားမျှတစေချင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အယ်ဒီတာခင်ဗျား …
 
ကျနော့်အနေနဲ့တော့ ဒုတိယပေးစာကို ပြန်ချေပချင်လို့ပါ။
 
တောင်ဖြို၊ လမ်းပြင်၊ ကွန်ကရစ် ခင်းမခင်းကို မြဝတီသွား ကားသမားတိုင်း၊ ခရီးသွားတိုင်းကို မေးကြည့်ပါ။

တောင်ဖြိုတဲ့ အတွက် သာမညဆရာတော်ကြီး ခင်းခဲ့တဲ့ ကတ္တရာလမ်း သွားမရအောင် ဖြစ်ခဲ့ပါပြီ။ တောင်နံရံကို စက်ကြိုးနဲ့ လိုက်ဖြိုရာမှာ အရင်ကတ္တရာလမ်းပါ ပျက်စီးရတာပါ။ ကွန်ကရစ်ခင်းတာကလည်း အလယ်မှာ တမတ်လုံး ဇကာလေး ချပြီး၊ အပြင်ဘက် ၆ မူးလုံးအစွန်းမှာ အတိုလေးတွေ ဖြတ်ပြတာကြောင့် အမြင်မှာတော့ ၆ မူးလုံးတွေ ထည့်လောင်းထားသလို လုပ်ပါတယ်။ အဲဒီ ကွန်ကရစ်တွေ အခုအခါ ကွဲအက်နေတာကို မြင်နေရပါတယ်။ ဒါက ငြင်းမရတဲ့ အချက်ပါ။
 
ဗိုလ်မှူးချုပ်၊ ဝန်ကြီး စသူတွေ လာတဲ့အခါမှသာ မြဝတီအဝင်နား လူအင်အားအပြည့်နဲ့ အင်အားပြပြီး လူကြီး ပြန်တာနဲ့ အဲဒီလမ်းပြင်အဖွဲ့လည်း ပျောက်သွားပါရော။

လက်ရှိအခြေအနေမှာ ချောက်ကပါး အဝင်လမ်းနဲ့ အထွက်မှာ ဘာတခုမှ ပြင်ဆင်မှု မရှိပါဘူး။ တခြား ကုမ္ပဏီတွေ လုပ်သွားတဲ့ လမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အသိသာကြီးပါ။ ဘားအံအထွက် ရန်ကုန်ဘက် သွားတဲ့လမ်းနဲ့ အေကေ ကုမ္ပဏီကနေ ခင်းထားတဲ့ ဘားအံ-ကော့ကရိတ် လမ်းတွေနဲ့ ယှဉ်ကြည့်ပါ။

သာမညဆရာတော်ကြီး ခင်းထားခဲ့ပြီး အလကား မောင်းနှင်ခွင့် ရခဲ့တဲ့လမ်းနဲ့ အခုအခါ ငွေပေးမောင်းနေရတဲ့ လမ်းဟာ ဘယ်လောက် ကွာခြားနေသလဲဆိုတာ ကြည့်ကြည့်ပါ။
 
မမှန်ကန်တာကို မှန်ကန်အောင် တည့်မတ်ပေးနိုင်တဲ့ စာနယ်ဇင်းတွေကို လေးစားလျက်ပါ။


တရားမျှတစေချင်သူ