အာဘော်နှင့်အမြင် အာဘော် မြန်မာနိုင်ငံ၏ ကုလကိုယ်စားလှယ် နေရာသည် စောဒကတက်စရာ ဖြစ်သည်
မြန်မာနိုင်ငံ၏ ကုလကိုယ်စားလှယ် နေရာသည် စောဒကတက်စရာ ဖြစ်သည် Print E-mail
အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ စက်တင်ဘာလ 15 2008 23:48 - မြန်မာစံတော်ချိန်

ကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အထွေထွေ ညီလာခံတွင် မြန်မာစစ်အစိုးရ ရရှိထားသော ကိုယ်စားလှယ် နေရာကို ဖယ်ရှားရန် တင်ပြထားသည့် ပန်ကြားချက်ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက စဉ်းစားသည့်အခါ ယခုလောလောဆယ် ယက်ကန်ယက်ကန် ဖြစ်နေသော ကြားဝင် ဖြန်ဖြေရေး ဖြစ်စဉ်ကို အရှိန်တိုးမြှင့် ဆောင်ရွက်ရန် အခွင့်အလမ်း တခုအဖြစ် ကုလသမဂ္ဂက ရယူ ဆောင်ရွက်သင့်ပါသည်။

ကုလ ကိုယ်စားလှယ်တော်ကြီးများ မကြခဏ ထပ်ခါတလဲလဲ ပြောကြားခဲ့သော သံဓိဌာန်ချ ကြားဝင်ဖြန်ဖြေရေး ဖြစ်စဉ်အတွက် မှန်ကန်သော ဖြစ်စဉ်ကို ချမှတ်ပြီး အတည်ပြုပေးဘို့ လိုပါသည်။ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ နေရာကို လစ်လပ်ထားခြင်းသည် ခြေလှမ်းတရပ် ဖြစ်သည်။ ဤဖြစ်စဉ်သည် မြန်မာ့နိုင်ငံရေး၏ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေမှု နှင့် သာမန် ပြည်သူလူထု၏ စားဝတ်နေရေးကို ဖြေရှင်း ကိုင်တွယ်ပေးရန် ရည်ရွယ်ပေသည်။

နိုင်ငံကို စိုးမိုးအုပ်ချုပ်နေသော ဗိုလ်ချုပ်ကြီးများ၏ အဆိုပြုချက်ဖြစ်သော "ဒီမိုကရေစီ လမ်းပြမြေပုံ" ဆိုသည့် သေလုဆဲဆဲ ပေါ်လစီကိုသာ ဖက်တွယ် ဆုပ်ကိုင်ထားသည့် ကုလသမဂ္ဂ၏ လက်ရှိချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏ ပြဿနာများကို အခြေခံကျကျ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထား၍ မရပါ။ ကုလသမဂ~အဖွဲ့ကြီး၏ လုပ်ငန်းစဉ်မှန်သမျှသည် ဤအဖွဲ့ကြီး၏ ရည်မှန်းချက် ပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်ရန် လက်တွေ့ကျကျ အကဲဖြတ်ရမှာ ဖြစ်သည်။ မြန်မာ့လူများစု လူထုကြီးအပေါ် ကျူးလွန် ဖေါက်ဖျက်နေသော အခွင့်အရေးမျိုးစုံ ချိုးဖောက်မှုများကို ရပ်တန်းကရပ်ပြီး အဓိပ္ပါယ်ရှိသော ဆွေးနွေးပွဲများ ကျင်းပရန်ဖြစ်သည်။ "အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံ" ၏ နောက်တဆင့်ဖြစ်သော ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် စစ်အစိုးရ ရေးဆွဲ တင်ပြထားသော ဖြစ်စဉ်ကို တဘက်သတ် အတည်ပြုပေးခြင်းသာ ဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ကုလ အဖွဲ့ကြီး၏ တာဝန်ရှိမှုကို မသိကျိုးကျွံ ပြုခြင်းလည်း ဖြစ်သည်။

နိုင်ငံရေးကျားကွက် ရွှေ့မှုများကြားတွင် မကြာခဏ ပျောက်ကွယ်သွားခဲ့ရသော ကုလအဖွဲ့ကြီး၏ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် တာဝန်ရှိမှုတရပ်မှာ တိုင်းပြည်နှင့်အဝှမ်း ခံစားနေရသော ဆင်းရဲမွဲတေမှုကြီးမှ သက်သာရာ ရစေရေး လုပ်ငန်းကြီး ဖြစ်သည်။

ယခုကိစ္စတွင် အထွေထွေ ညီလာခံရှိ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်နေရာကို ဖယ်ရှားလိုက်ခြင်းသည် တိုင်းပြည်ကို ဘယ်လို စီမံခန့်ခွဲနေသည် ဆိုသည်နှင့် စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ရန် ဗိုလ်ချုပ်ကြီးများကို ဖိအားပေးနိုင်သည့် ကုလသမဂ္ဂ၏ လက်ဝယ်တွင် ရှိသော ထိရောက်သည့် လက်နက် ကိရိယာတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဟင်းလင်းပွင့်နေသော ဒဏ်ရာဒဏ်ချက်များကို ကုစားရန် ပြောဆို ဆွေးနွေးမှုများသည် ရှည်ကြာပြီး အကြီးအကျယ် ငြင်းခုန်ရဖွယ် ရှိပါသည်။ သို့သော် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို စတင်နိုင်နေပြီ ဆိုလျှင် မြန်မာနိုင်ငံသားများ၏ နေ့စဉ် ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများကို အပေးအယူလုပ် ပြန်ပေးဆွဲထားနိုင်သည် ဟူ၍လည်း စိုးရိမ်စရာ အကြောင်းမရှိပါ။

စစ်အစိုးရ၊ အတိုက်အခံ အဖွဲ့များ နှင့် ကုလသမဂ္ဂတို့အကြား တွေ့ဆုံ ဆွေးနွေးမှုများကို မြန်မြန်ဆန်ဆန် ဖြစ်ပေါ်စေရန် စစ်အစိုးရ၏ ကိုယ်စားလှယ်ကို ဖယ်ရှားထားလိုက်ခြင်းသည် အကျိုးအကြောင်း ရှိပါသည်။ တိုင်းပြည်၏ အာဏာယန္တရားသည် သာမန် ပြည်သူလူထုများနှင့် အပြန်အလှန် မည်သို့ ဆက်သွယ်နေသည်၊ မည်သို့မည်ပုံအကျိုး သက်ရောက်သည် ဆိုသည့်အချက်၏ အရေးပါမှုကို အလေးပေး ပြောကြားလာနိုင်သည်။ ဤအချက်သည် ၁၉၉ဝ ရွေး ကောက်ပွဲရလဒ်တည်း ဟူသော အချက်အပေါ်တွင်သာ ဥပါဒန်ထား စွဲလမ်းနေခြင်းလည်း မဟုတ်ပါ။

နေပြည်တော်က ဤကိစ္စကိုသေချာပေါက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မည်၊ သို့မဟုတ် အရေးမစိုက် ရယ်သွမ်းသွေး ပျက်ရယ်ပြုလိမ့်မည် ဆိုသောအချက် ၂ ချက်ကို ခွဲခြားနိုင်ရန်မှာ အရေးကြီးပါသည်။

ဒီမိုကရေစီ စံများကို လေးစားလိုက်နာရေးအပေါ် အခြေခံသည့် တောင်းဆိုထားချက်အပေါ် စစ်အစိုးရကို ထောက်ခံသူများ၊ ဒီမိုကရေစီရေးတွင် အားထားရသူများ မဟုတ်သည့် ကိုယ်စားလှယ်စိစစ်ရေး ကော်မတီတွင် ပါလာဖွယ်ရှိသည့် တရုတ်နှင့် ရုရှတို့ကဲ့သို့သော နိုင်ငံများ၏ ထောက်ခံမှု မပါဘဲနှင့် ကုလသမဂ္ဂသည် ဆုံးဖြတ်နိုင်ရမှာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤသို့အစိုးရ တရပ်၏ လည်ပတ် ဆောင်ရွက်နေပုံ သဘောသဘာဝအပေါ် အလေးပေး ပြောကြားနေခြင်းသည် တိုင်းပြည်တွင် သောင်မတင်ရေမကျ ဖြစ်နေစေသည့် နိုင်ငံရေး အကြပ်အတည်းကို လျစ်လျူရှုသည်လည်း မဟုတ်ပါ။ အထွေထွေ ညီလာခံတွင် ကိုယ်စားလှယ်နေရာ ပလပ်ထားခြင်းသည် ဘက် ၂ ဘက်အကြား လူကောင်း လူဆိုးဟု တံဆိပ်ကပ်ပေးခြင်းလည်း မဟုတ်ပါ။ ပဍိပက္ခ ရှိနေသည်၊ ယင်းပဋိပက္ခကို ဖြေရှင်းရန်လိုသည် ဟူသော အချက်ကိုသာ  ရိုးရိုးလေး လက်ခံဖေါ်ပြခြင်း ဖြစ်ပါသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved