အဝေးဂိုး စည်းမျဉ်းကို ပြောင်းပေးဖို့ ဥရောပ နည်းပြများ တောင်းဆို

.

(ဓာတ်ပုံ - UEFA)

ဥရောပ ထိပ်သီးကလပ်တွေရဲ့ နည်းပြများက လက်ရှိဥရောပပြိုင်ပွဲတွေမှာ အဝေးဂိုး စည်းမျဉ်းအသုံးပြုမှုကို ပြန်လည်သုံးသပ်ပေးဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။

ဆက်လက်ပြီး သူတို့ဟာ အပြောင်းအရွှေ့ဈေးကွက် ရာသီများကို ဥရောပထိပ်သီးလိဂ်အားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ပြီးဆုံးဖို့ကိုလည်း အလိုရှိနေပါတယ်။

ဆွစ်ဇလန်နိုင်ငံ၊ နိုင်ယွန်မြို့မှာ ကျင်းပခဲ့တဲ့ ယူအီးအက်ဖ်အေရဲ့ ဥရောပနည်းပြများ အစည်းအဝေးအပြီး ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂျော်ဂျီယို မာချက်တီက “အတိတ်ကာလက အဝေးဂိုးတွေဟာ ခက်ခဲမှုမရှိဘူးလို့ နည်းပြများကို ထင်မြင်ယူဆကြပါတယ်။ ဥရောပကလပ်နည်းပြများက လက်ရှိ ဥရောပပြိုင်ပွဲတွေမှာ အဝေးဂိုး စည်းမျဉ်းကို ပြောင်းပေးဖို့ ပြန်လည် သုံးသပ်သင့်တယ်လို့ ထင်မြင်ကြပါတယ်။”လို့ ပြောပါတယ်။

ယူအီးအက်ဖ်အေရဲ့ ဥရောပနည်းပြများ နှစ်ပတ်လည်အစည်းအဝေးပွဲမှာ မန်ယူအသင်း နည်းပြ မော်ရင်ဟို၊ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီအပြင် အာဆင်နယ်နည့်းပြဟောင်း အာဆင်ဝင်းဂါး၊ ဂျူဗင်တပ်စ်နည်းပြ အလီဂရီ၊ ရီးယဲလ်မက်ဒရစ်နည်းပြ လိုပီတီဂူ၊ နာပိုလီနည်းပြ အန်ဆလော့တီနဲ့ ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်တို့အပါအဝင် ဥရောပနည်းပြများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Ref; BBC