လာလီဂါရဲ့ တစ်ရာသီစာလက်မှတ် ရောင်းချရမှု စံချိန်သစ်တင်ခဲ့ပြီး အသင်း (၂၀)ရဲ့ လက်မှတ်ရောင်းချရမှု စုစုပေါင်း (၆)သိန်းကျော်ရှိ

လာလီဂါရဲ့ တစ်ရာသီစာလက်မှတ် ရောင်းချရမှု စံချိန်သစ်တင်ခဲ့ပြီး အသင်း (၂၀)ရဲ့ လက်မှတ်ရောင်းချရမှု စုစုပေါင်း (၆)သိန်းကျော်ရှိ

၂၀၁၉-၂၀ ဘောလုံးရာသီအတွက် လာလီဂါရဲ့ တစ်ရာသီစာလက်မှတ်ရောင်းချရမှုဟာ စံချိန်သစ်ဖြစ်ခဲ့ပြီး စုစုပေါင်းလက်မှတ်စောင်ရေ (၆)သိန်းကျော် ရှိခဲ့တယ်လို့ Marca သတင်းစာက ဖော်ပြခဲ့ပါတယ်။

လာလီဂါရဲ့ ပြိုင်ပွဲဝင် အသင်း (၂၀)ရဲ့ တစ်ရာသီစာ လက်မှတ်ရောင်းချမှုမှာ ပြီးခဲ့တဲ့ ရာသီက (၅၉၅,၈၄၄) စောင်ရှိခဲ့ပေမယ့် ယခုရာသီမှာ (၆၁၀,၇၅၁)စောင်နဲ့ စံချိန်ချိုးခဲ့တာဖြစ်ပြီး ဒီထက်လည်း တိုးများလာနိုင်သေးပါတယ်။

လာလီဂါပြိုင်ပွဲဝင် အသင်း (၁၀)သင်းရဲ့ တစ်ရာသီစာလက်မှတ်ရောင်းချရမှုမှာ ပြီးခဲ့တဲ့ ရာသီကထက် မြင့်တက်ခဲ့သလို အလာဗတ်စ်၊ ဂီတာဖေး၊ လီဗန်တေးနဲ့ ဆိုစီဒက်တို့မှာ စံချိန်သစ်ဖြစ်တဲ့အထိ ရောင်းချခဲ့ရတာဖြစ်ပါတယ်။

အသင်း (၇)သင်းကတော့ ပြီးခဲ့တဲ့ရာသီက ရောင်းချခဲ့ရမှုနှုန်းအတိုင်း ထိန်းသိမ်းထားနိုင်ခဲ့ပြီး အက်စ်ပန်ညို၊ ဗယ်လာဒိုလစ်နဲ့ အိုဆာဆူနာ အသင်း (၃)သင်းသာ ရောင်းချရမှု လျော့ကျခဲ့ပါတယ်။

အက်စ်ပန်ညိုနဲ့ ဗယ်လာဒိုလစ် အသင်း (၂)သင်းဟာ အခုထိ လက်မှတ်ရောင်းချနေပြီး အိုဆာဆူနာအသင်းဟာ ကွင်းပြင်ဆင်မှု ပြုလုပ်နေတဲ့အတွက် တစ်ရာသီစာလက်မှတ်ကို လျော့ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက တစ်ရာသီစာလက်မှတ်အများဆုံး ရောင်းချရတဲ့အသင်းအဖြစ် (၈၅,၀၀၀) နဲ့ ဦးဆောင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်က ဒုတိယ၊ အက်လက်တီကိုက တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

လာလီဂါအသင်းတွေရဲ့ တစ်ရာသီစာလက်မှတ်ရောင်းချရမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly