KBZ Bank Women's League 2017-18 ဘောလုံးရာသီကို ပြိုင်ပွဲဝင်အသင်း (၈)သင်းဖြင့် ကျင်းပပြုလုပ်မည်

KBZ Bank Women's League 2017-18 ဘောလုံးရာသီကို ပြိုင်ပွဲဝင်အသင်း (၈)သင်းဖြင့် ကျင်းပပြုလုပ်မည်
(ဓာတ်ပုံ - MWL)

လာမည့်နှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ KBZ Bank Women’s League 2017-2018 ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၈)သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပပြီး KBZ Bank မှ အဓိက ကူညီပံ့ပိုးပေးထားတဲ့ KBZ Bank Women's League 2017-2018 ဘောလုံးရာသီ ပထမအကျော့ကို ၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၁၈ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်များကို ၂၀၁၈ မတ်လ ၁၃ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

KBZ Bank Women's League 2017-2018 ဘောလုံးရာသီမှာတော့ ယခင်ပြိုင်ပွဲဝင်အသင်းတွေဖြစ်တဲ့ Myawady FC ၊ ThitsarArman FC ၊ Sport& Education FC ၊ ISPE FC ၊ Gandamar FC ၊ Zwekapin FC ၊ YREO FC တို့အပြင် အသင်းသစ် တစ်သင်းအဖြစ် အဆင့်မြင့် ပညာဦးစီးဌာနလက်အောက်မှ တက္ကသိုလ်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင် အသင်း (၈)သင်းဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက KBZ Bank Women’s League 2017-2018 ဘောလုံးပြိုင်ပွဲမှာ Myawady FC အသင်းက ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရာသီအဖွင့်ပွဲစဉ်အဖြစ် မြဝတီအသင်း နှင့် သစ္စာအားမာန်အသင်းတို့ ဒီဇင်ဘာလ ၂၇ရက်နေ့၊ ညနေ ၃နာရီ ၃၀မိနစ်၊ အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြန်လည်ပြင်ဆင်ထားတဲ့ KBZ Bank Women's League 2017-2018 ဘောလုံးရာသီ ပထမအကျော့ ပွဲစဉ်များ။ (ဓာတ်ပုံ - MFF)

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly