Coffee (ကော်ဖီ) က ဘာလဲ။

Coffee (ကော်ဖီ) က ဘာလဲ။
(ဓာတ်ပုံ - အီးပီအေ)

ရေးသားသူ Su Sandy
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

ကော်ဖီ ကို ဘာအတွက် အသုံးပြုကြသလဲ

ကော်ဖီကို စိတ်လန်းဆန်းစေရန်၊ စိတ်ခံစားမှုကောင်းစေရန်၊ လေ့ကျင့်ခန်းလုပ်လျင်ခံနိုင်ရည်ရှိရန်နှင့် အဆုတ်လမ်းကြောင်းကျယ်စေရန်အသုံးပြုကြသည်။

ကော်ဖီကို ရင်ကြပ်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ နှင့် အအေးမိခြင်း တို့အတွက် ပါးစပ်မှသောက်ကြပြီး၊ အိုပီယမ် အဆိပ်မိခြင်းအတွက် ဖြေဆေးအနေဖြင့် စအိုမှ ထည့်သွင်းကုသကြသည်။

ဘယဆေးကုသမှုတွင် အစားအသောက်စားချင်စိတ်ကို လှုံ့ဆော်ရန် နှင့် အစာခြေခြင်းကို ကောင်းစေရန် ကော်ဖီကို အသုံးပြုကြသည်။ ကော်ဖီသည် နှာခေါင်းသွေးလျံခြင်းကို သက်သာစေပြီး သွေးလှည့်ပတ်မှုကောင်းစေသည်။ ပါကင်ဆန်ရောဂါနှင့် သည်းခြေကျောက်ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးသည်။ လူတို့သည် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခြင်းကို သက်သာစေရန်နှင့် စိတ်လန်းဆန်းစေရန် ကော်ဖီကို သောက်သုံးကြသည်။

ကော်ဖီကို ပါကင်ဆန်ရောဂါ၊ သည်ခြေကျောက်တည်ခြင်း၊ ဒုတိယအမျိုးအစားဆီးချိုရောဂါ၊ အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် ရင်သားကင်ဆာ ဖြစ်ပွားမှုများကို ကာကွယ်ရန်လည်း အသုံးပြုကြသည်။ အခြားအသုံးဝင်မှုများအနေဖြင့် ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှင့် အဝလွန်ခြင်း များကို ကုသရာတွင်လည်း အသုံးပြုကြသည်။

ဘယ်လိုအလုပ်လုပ်လဲ

ဤဘယဆေး ဘယ်လိုလုပ်ဆောင်မှုတွေ ရှိသည်ဆိုသည်နှင့်ပတ်သတ်၍ လုံလောက်သော လေ့လာမှုများမရှိသေးပါ။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

သို့သော် ကဖင်းဓာတ်သည် ကော်ဖီတွင်ပါဝင်သော ခါးသက်သော ဓာတ်တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားသော လေ့လာမှုများရှိသည်။ ထိုဓာတ်သည် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်မှုအပေါ်တွင် အကျိုးသက်ရောက်မှုများစွာရှိသည်။ ပင်မအာရုံကြောမကိုလှုံ့ဆော်ခြင်းကဲ့သို့သော အာနိသင်များရှိသည့်အတွက် ကော်ဖီသောက်ခြင်းသည် သင့်ကို ပိုလန်းဆန်းတက်ကြွစေပြီး အင်အားတက်စေသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကော်ဖီ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • လူနာမှ ကော်ဖီဘယ်လောက်များများသောက်ထားပြီး စိတ်ခံစားမှု၊ နှင့် အိပ်သောပုံစံတွင် မည်ကဲ့သို့သက်ရောက်မှုရှိသည်ကို သိရှိထားပါ။
  • ကော်ဖီကို အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။
  • ကော်ဖီကို အကြာကြီးစွဲသောက်သူတို့တွင် ကော်ဖီရပ်လိုက်သည့်အခါတွင် ဆေးဖြတ်လျင်ဖြစ်တတ်သော လက္ခဏာများကို တွေ့ရလေ့ရှိသည်။
  • ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓာတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။
  • ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ကော်ဖီ က ဘယ်လောက်စိတ်ချရလဲ

  • တစ်နေ့လျင် ကော်ဖီ ၁ ခွက် သို့မဟုတ် ၂ ခွက် သောက်သုံးခြင်းသည် နို့တိုက်မိခင်များနှင့် သူတို့၏ကလေးငယ်များအတွက် စိတ်ချရပုံပေါ်သည်။ သို့သော် ကဖင်းဓာတ်သည် ပမာဏများများသောက်လျင် ကလေးငယ်၏အစာလမ်းကြောင်းကို နာကျင်စေပြီး အိပ်မပျော်ခြင်းနှင့် စိတ်ဆတ်ခြင်းများ ဖြစ်စေနိုင်သည်။
  • ကလေးများအတွက် ကဖင်းပါသော ကော်ဖီကို သောက်ရန်စိတ်မချရပါ။ ကဖင်းကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများသည် ကလေးများတွင် ပိုမိုပြင်းထန်လေ့ရှိသည်။
  • ကော်ဖီတွင် ပါသော ကဖင်းဓာတ်သည် စိုးရိမ်ပူပန်စိတ်ကို ပိုဆိုးစေသည်။
  • ကော်ဖီသည် သွေးရောဂါများကို ပိုဆိုးစေသည်။
  • စစ်မထားသော ကော်ဖီကို သောက်သုံးခြင်းသည် သွေးထဲတွင် ကိုလက်စထရောနှင့် အခြားအဆီများကို တိုးစေသည်။ ထို့အပြင် သွေးထဲရှိ ဟိုမိုစစ်စတင်းဓာတ် ပမာဏကို တက်စေပြီး ထိုအချက်သည် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို တိုးစေသည်။
  • သင့်တွင် ဆီးချိုရောဂါရှိလျင် ကဖင်းကို သတိထား၍ သုံးပါ၊ သွေးထဲရှိ သကြားဓာတ်ကို အမြဲစစ်ဆေးပါ။
  • ကော်ဖီထဲရှိ ကဖင်းဓာတ်သည် ပမာဏများများသောက်လျင် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် အူလမ်းကြောင်းမကောင်းသည့် ရောဂါများကို ပိုဆိုးစေသည်။
  • ကဖင်းပါသော ကော်ဖီကို သောက်သုံးခြင်းသည် မျက်လုံးထဲရှိ သွေးပေါင်ချိန်ကို တက်စေသည်။
  • ကဖင်းပါသော ကော်ဖီကို သောက်ခြင်းသည် သွေးတိုးရောဂါရှိသော လူများတွင် သွေးပေါင်ချိန်ပိုတက်စေနိုင်သည်။ သို့သော် ထိုအချက်သည် ကော်ဖီ ကို ပုံမှန်သောက်နေသောလူများအတွက် ဖြစ်နိုင်ချေနည်းပုံရသည်။

ဘေးထွက်ဆိုးကျိုးများ

ကော်ဖီ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ကော်ဖီ မှ မည်သို့သော ဘေးထွက်ဆိုးကျိုးများ ရရှိနိုင်ပါသနည်း။

လူအများစုအတွက် ကော်ဖီကို ၂ ခွက် မှ လေးခွက် သောက်နေသောက်နေသော်လည်း ကဖင်းဓာတ်ပြသနာ သိပ်မရှိပေ။ သို့သော် ကဖင်းဓာတ် အရမ်းများလျင် အောက်ပါပြသနာများ ဖြစ်နိုင်သည်။

• လက်တုန်ခြင်း၊ ကတုန်ကရီဖြစ်ခြင်း၊
• ညဘက်အိပ်ပျော်ရန်ခက်ခြင်း၊ အိပ်မပျော်ခြင်း၊
• ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊
• ရင်တုန်ခြင်၊ နှလုံးခုန်သံ မမှန်ခြင်း၊
• ရေဓာတ်ခန်းခြောက်ခြင်း၊

တဖြည်းဖြည်းဖြင့် ကော်ဖီစွဲသွားပြီး ပိုပိုသောက်သုံးခြင်းများဖြစ်လာနိုင်သည်။ ကဖင်းဓာတ်ကို သုံးစွဲမှု ဖြတ်လိုက်လျင် ဆေးဖြတ်လျင်ဖြစ်တတ်သောလက္ခဏာများဖြစ်လာနိုင်သည်။

အသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

ကော်ဖီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဤဆေးပင်သည် အခြားသော သင်လက်ရှိအသုံးပြုနေသော ဆေးဝါးများနှင့် ဓာတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေး၏ ပမာဏ

ပေးထားသော အချက်အလက်သည် ဆေးပညာဆိုင်ရာ အကြံပြုချက်မဟုတ်သဖြင့် အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ကော်ဖီအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

  • များသောအားဖြင့် အရွယ်ရောက်သူတစ်ယောက်အတွက် ၂ အောင်စမှ ၈ အောင်စအထိ ပါးစပ်မှ သောက်သုံးနိုင်သည်။
  • ကော်ဖီ ကို ခွက် ၁၀၀ ခန့် သောက်လျင် အသက်သေဆုံးနိုင်ပါသည်။
  • လူတိုင်းအတွက် အသုံးပြုရန် ဆေးပမာဏမှာ ကွဲပြားနိုင်ပါသည်။ လူနာ၏ အသက်၊ကျန်းမာရေး၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ဘယဆေးများသည် အမြဲတမ်းအသုံးပြုရန် စိတ်မချရပါ။ သင့်တော်သော ဆေးပမာဏအတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ကော်ဖီက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဘယဆေးပင်ကို လှော်ထားသော အစေ့ အဖြစ်နှင့် ရနိုင်သည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly