ဒမ်ဘီလီကို ဘာစီလိုနာအသင်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၁၀၅) သန်းဖြင့် ခေါ်ယူ

ဒမ်ဘီလီကို ဘာစီလိုနာအသင်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၁၀၅) သန်းဖြင့် ခေါ်ယူ

စပိန်ကလပ် ဘာစီလိုနာက ပြင်သစ်တိုက်စစ်မှူး အူစမာနီဒမ်​ဘီလီကို ခေါ်ယူဖို့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၀ နှစ်သာရှိသေးတဲ့ ဒမ်ဘီလီဟာ တနင်္လာနေ့မှာ ဆေးစစ်ခံယူဖို့ ရှိပြီး (၅) နှစ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

"ဘာစီလိုနာနှင့် ဒေါ့မွန်တို့ဟာ အူစမာနီဒမ်ဘီလီအတွက် အပိုဆုကြေးအပါအဝင် ယူရို ၁၀၅ သန်းနှင့် အပြောင်းအရွှေ့အတွက် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပါတယ်။"လို့ ဘာကာက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြောကြားထားပါတယ်။

"ကစားသမားဟာ ၅ နှစ်သက်တမ်းရှိ စာချုပ်ကို လက်မှတ်ထားမှာဖြစ်ပြီး သူ့ရဲ့ စာချုပ်လျော်ကြေးဟာ ယူရိုသန်း ၄၀၀ အဖြစ် သတ်မှတ်ထားပါတယ်။"လို့ အဆိုပါ ကြေညာချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာက နွေရာသီအပြောင်းရွှေ့မှာ  အဲဗာတန်မှ စပိန်ကစားသမား ဒယ်လိုဖူ၊ ဘင်ဖီကာမှ ပေါ်တူဂီသား နယ်လ်ဆင် ဆီမီဒို၊ ကွမ်ကျိုးအဲဗားဂရန်းအသင်းမှ ပေါ်လင်ဟိုတို့ကို ခေါ်ယူထားပြီး ဒမ်ဘီလီဟာ အသင်းရဲ့ ၄ဦးမြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags