၂၀၁၆ MNL တွင်မြန်မာကစာသမားများထဲမှ ပထမဆုံးဟက်ထရစ်ရှင်အဖြစ် လှသူမှတ်တမ်းဝင်

၂၀၁၆ MNL တွင်မြန်မာကစာသမားများထဲမှ ပထမဆုံးဟက်ထရစ်ရှင်အဖြစ် လှသူမှတ်တမ်းဝင်
မြန်မာတိုက်စစ်မှူးများထဲတွင် ပထမဆုံးဟက်ထရစ်ရှင်ဖြစ်လာသည့် လှသူ။(ဓာတ်ပုံ- MNL)

ဇန်နဝါရီ ၁၇၊ ရန်ကုန် ။              ။ ၂၀၁၆မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်-၂ပွဲစဉ်များကို ဇန်နဝါရီလအတွင်းစတင်ကျင်းပနေရာ ပြိုင်ပွဲနှစ်ရပ်စလုံးအတွက် မြန်မာတိုက်စစ်မှူးများထဲမှ စီးတီးစတားတိုက်စစ်မှူး လှသူက ပထမဆုံး ဟက်ထရစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လှသူမှာ မြန်မာနေရှင်နယ်လိဂ်-၂ပွဲစဉ်(၁)တွင် ငွေကြယ်ပွင့်အသင်းကို ၃-၂ဂိုးဖြင့်အနိုင်ရခဲ့သောပွဲ္ပ၌ စီးတီးစတားအသင်းအတွက် အနိုင်ဂိုးသုံးဂိုးစလုံးကို သွင်းယူပေးခဲ့သည်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် နိုင်ငံခြားသားတိုက်စစ်မှူးများသာ ဂိုးအများဆုံးသွင်းသူများစာရင်းနှင့် ဟက်ထရစ်သွင်းသူများစာရင်းတွင် ပါဝင်လေ့ရှိပြီး မြန်မာတိုက်စစ်မှူးများမှာ တစ်ရာသီသွင်းဂိုး ၁၀ဂိုးကျော်ရရှိရန်ပင်ရုန်းကန်နေရသည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် လှသူမှာ ဒုတိယမြောက်ဟက်ထရစ်ရှင်ဖြစ်ပြီး ပထမဆုံးဟက်ထရစ်ကို မောရဝတီအသင်းမှ နိုက်ဂျီးရီးယားတိုက်စစ်မှူး ဆာမြူရယ်က ဖုန်ဂန်အသင်းကို အနိုင်ရခဲ့သောပွဲတွင် သွင်းယူနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly