တယ်ရီ၏ဂိုးကို ခွင့်ပြုခဲ့သည့် ကွင်းလယ်ဒိုင်မိုက်ဂျူံးစ်ကို အဲဗာတန်နည်းပြ မာတီနက်ဇ် ပြင်းပြင်းထန်ထန် ဝေဖန်

တယ်ရီ၏ဂိုးကို ခွင့်ပြုခဲ့သည့် ကွင်းလယ်ဒိုင်မိုက်ဂျူံးစ်ကို အဲဗာတန်နည်းပြ မာတီနက်ဇ် ပြင်းပြင်းထန်ထန် ဝေဖန်

လန်ဒန်၊ ဇန်နဝါရီ ၁၇ ။              ။ ချယ်လ်ဆီးနောက်ခံလူ ဂျွန်တယ်ရီ၏ လူကျွံဂိုးကို ခွင့်ပြုခဲ့သော ကွင်းလယ်ဒိုင်လူကြီး မိုက်ဂျူံးစ်မှာ လုံးဝအဆင့်အတန်းမမီသူဖြစ်ကြောင်း အဲဗာတန်နည်းပြ မာတီနက်ဇ်က ဝေဖန်ပြောဆိုလိုက်သည်။

စတမ်းဖို့ဒ်ဘရစ်ချ်တွင် ယှဉ်ပြိုင်ခဲ့သော ထိုပွဲစဉ်တွင် အဲဗာတန်အသင်းသည် ချယ်လ်ဆီးကို ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၂-၂ သရေကျ၊ ထို့နောက် ၃-၂ ဖြင့် ထပ်မံဦးဆောင်ခဲ့ပြီး နောက်ဆုံးမိနစ်တွင်မှ ချေပဂိုးပေးရကာ ၃-၃ သရေကျခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအတွက် နောက်ဆုံးချေပဂိုးကို တယ်ရီသွင်းယူလိုက်သည့် အနေအထားသည် လူကျွံအနေအထားတွင် ရှိနေခဲ့သလို အချိန်မှာလည်း နာကျင်အချိန်ပိုအတွက် ပေးထားသည့် ၇ မိနစ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

ထို့ကြောင့် မာတီနက်ဇ်က 'ဒီပွဲက ပရိသတ်တွေအတွက် တကယ်ကို ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါ။ ဒါပေမဲ့ ဒိုင်လူကြီးရဲ့ အဆင့်အတန်းက တော်တော်ကိုဆိုးရွားလွန်းပါတယ်။ ကျွန်တော်အရမ်းလည်း စိတ်ဆိုးပါတယ်။ ကျွန်တော်တို့ အသင်းအတွက်လည်း တကယ်ကို နစ်နာပါတယ်။

ချယ်လ်ဆီးပရိသတ် ဘယ်သူ့ကို ဖြစ်ဖြစ် မေးကြည့်လိုက်ပါ။ တယ်ရီရဲ့ ဂိုးက လူကျွံဘောလို့ ပြောကြပါလိ့မ်မယ်။ ဂိုးသွင်းသွားတဲ့ အချိန်ကလည်း သတ်မှတ်ချိန်ထက် ကျော်နေပါပြီ။ ဒါက မယုံကြည်နိုင်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဆိုတာ ရှင်းပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်ပြိုင်ပွဲဆိုတာကို ကျွန်တော်တို့ စဉ်းစားသင့်နေပါပြီ' ဟု ပြောဆိုခဲ့သည်။

ချယ်လ်ဆီးနည်းပြ ဂုစ်ဟစ်ဒင့်ကလည်း တယ်ရီ၏ ဂိုးသည် လူကျွံနေကြောင်း ဝန်ခံပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်၊ ဂိုးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly