အမျိုးသမီးသမ္မတသစ် တက်လာသည့် ထိုင်ဝမ်ကို လွတ်လပ်ရေးနှင့် ပတ်သက်ပြီး တရုတ် သတိပေး

အမျိုးသမီးသမ္မတသစ် တက်လာသည့် ထိုင်ဝမ်ကို လွတ်လပ်ရေးနှင့် ပတ်သက်ပြီး တရုတ် သတိပေး

တိုင်ပေ၊ ဇန်နဝါရီ ၁၇ ။            ။ ထိုင်ဝမ်တွင် လွတ်လပ်ရေးကိုထောက်ခံသည့် အင်အားစုအတိုက်အခံ ဒီမိုကရက်တစ်ရှေ့ဆောင် DPP ပါတီ၏ ခေါင်းဆောင် အမျိုးသမီးတစ်ဦးဖြစ်သူ ထိုက်အင်ဝန် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရခဲ့ပြီးနောက် မည်သည့်လွတ်လပ်ရေးလှုပ်ရှားမှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်သွားရလိမ့်ဟု တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံးက ဇန်နဝါရီ ၁၆ ရက်တွင် သတိပေးလိုက်သည်။

ပိုင်နက်နှင့် အချုပ်အခြာအာဏာကို ကာကွယ်သွားရေးတွင် တရုတ်နိုင်ငံ၏ သံန္နိဌာန်မှာ ကျောက်ဆောင်ကျောက်ခဲလို ခိုင်မာကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အား ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

"၁၉၉၂ အများဆန္ဒလက်ခံထားမှုကိုသာ လက်ခံကျင့်သုံးသွားမည်ဖြစ်ပြီး ခွဲထွက်ရေးသမားများ၏ ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှအား ယတိပြတ်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း" ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၉၂ အများဆန္ဒလက်ခံထားမှုသည် ၁၉၉၂ ခုနှစ်က ရရှိခဲ့သည့် သဘောတူညီမှုတစ်ရပ် ဖြစ်သည်။ ယင်းသဘောတူညီမှုတွင် နှစ်ဖက်စလုံးက ကိုယ်ပိုင်အုပ်ချုပ်မှုကို သဘောတူထားခဲ့ကြသော်လည်း လွတ်လပ်သော ထိုင်ဝမ်ကိုမူ ပြတ်ပြတ်သားသား ပိတ်ပင်ထားခြင်းဖြစ်သည်။

"ထိုက်အင်ဝန်က နိုင်ငံရေး မဲဆွယ်ပွဲတွေမှာ ၁၉၉၂ အများဆန္ဒသဘောတူညီမှုနဲ့ပတ်သက်ပြီး တစ်ခွန်းတစ်ပါဒမျှ ပြောဆိုတာမျိုး မရှိခဲ့ဘူး။ ဒါကြောင့် DPP ပါတီ အာဏာလက်ဝယ်ရတဲ့အခါ မရေရာမှုတွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံအတွင်းပါ နိုင်ငံရေးသက်ရောက်မှုတွေ ဖြစ်လာနိုင်လိမ့်မယ်။"ဟု တရုတ်နိုင်ငံခြားရေးရာတက္ကသိုလ် ဒီပလိုမေစီဌာနမှ ဒေါက်တာ စူဟောင်က ပြောခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly