အီရန်အား နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်း

အီရန်အား နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်း

တီဟီရန်၊ ဇန်နဝါရီ ၁၇ ။               ။ နျူကလီးယားလက်နက်များတားဆီးသည့် သဘောတူညီမှုတစ်ရပ်ကို အီရန်နိုင်ငံက လိုက်နာမှုရှိသည်ဟု စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုချက်   ပေးလိုက်ပြီးနောက်   နိုင်ငံတကာက ချမှတ်ထားသည့် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

အဆိုပါ အီရန်နိုင်ငံက လိုက်နာသည့် သဘောတူညီမှုသည် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ပေးနိုင်သည့် သဘောတူညီချက်ဖြစ်ကြောင်း အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဖက်ဒါရီကာမော့ဟာရီနီက ပြောသည်။

သမိုင်းတွင် ယင်းသဘောတူညီမှုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ခြင်းကြောင့် ငွေကြေးဥစ္စာများ ဘီလီယံနှင့် ချီကာ စီးဆင်းလည်ပတ်လာမည်ဖြစ်ပြီး အီရန်ရေနံကိုလည်း နိုင်ငံတကာသို့ တင်ပို့ခွင့် ရရှိမည်ဖြစ်သည်။

အီရန်နိုင်ငံက လိုအပ်တဲ့ အဆင့်တွေကို လက်တွေ့လုပ်ဆောင်မှု ရှိထားသည်ကို တွေ့ရကြောင်း နိုင်ငံတကာနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ IAEA က အတည်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။

အီရန်နှင့် အင်အားကြီးနိုင်ငံများ သဘောတူညီမှုအရ အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် အကြီးစားရေအားဓာတ်ပေါင်းဖိုအား ဖျက်ဆီးရပြီး ယူရေနီယံသန့်စင်မှုနှင့်ဆိုင်သည့် စက်ယန္တရားများကိုလည်း အကြီးအကျယ် လျှော့ချသွားရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly