ထိုင်ဝမ်တွင် ပထမဆုံး အမျိုးသမီးသမ္မတ ရွေးကောက်တင်မြှောက်

ထိုင်ဝမ်တွင် ပထမဆုံး အမျိုးသမီးသမ္မတ ရွေးကောက်တင်မြှောက်

တိုင်ပေ၊ ဇန်နဝါရီ ၁၆ ။             ။ ထိုင်ဝမ်က ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ထိုက်အင်ဝန်(Tsai Ing-wen)အား ရွေးကောက် တင်မြှောက်လိုက်နိုင်ပြီ ဖြစ်သည်။

အသက် ၅၉ နှစ်ရှိ ထိုက်အင်ဝန်သည် တရုတ်နိုင်ငံမှ ထိုင်ဝမ်လွတ်မြောက်ရေးအား လိုလားကြသူများကို ဦးဆောင်နေသည့် ဒီမိုကရက်တစ်ရှေ့ဆောင်ပါတီ DPP မှ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူတစ်ဦး ဖြစ်သည်။

သူ့၏ ကိုယ်ပိုင်ရပ်တည်ချက်ကို သေချာမသိရသေးသော်လည်း One China ပေါ်လစီ တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အသိအမှတ်မပြုခဲ့ပါက ထိုင်ဝမ်နှင့် တရုတ်အကြား ဆက်ဆံရေး ယိုယွင်းဆိုးဝါးသွားစေမည်ဖြစ်ကြောင်း ပြိုင်ဖက်များက ပြောကြသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်း၏ ခွဲထွက်ပြည်နယ်တစ်ခုအဖြစ်သာ သဘောထားပြီး လိုအပ်ပါ က အင်အားဖြင့် လက်အောက်သွတ်သွင်းရမည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

မဲရေတွက်မှုတွင် ထိုက်အင်ဝန်က အပြတ်အသတ် အသာရနေပြီဖြစ်ပြီး ပြိုင်ဖက် ကူမင်တန်ပါ တီမှ အဲလ်ရစ်ချူးက အရှုံးကို အသိအမှတ်ပြု ဝန်ခံလိုက်ပြီဖြစ်သည်။

ချူးက ထိုက်အင်ဝန်၏ အောင်ပွဲကို ဂုဏ်ပြုစကားဆိုလိုက်ပြီး ၎င်းအနေဖြင့် ကူမင်တန်ပါတီ အကြီးအကဲအဖြစ်က နှုတ်ထွက်ကြောင်းကိုလည်း ကြေညာသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly