ဟွမ်ဂျောင်အမ်နှင့် ဆောင်ကောင်ဂျွန်တို့ MBC ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင် သရုပ် ဆောင်ပေးရန် ကမ်းလှမ်းခံရ

ဟွမ်ဂျောင်အမ်နှင့် ဆောင်ကောင်ဂျွန်တို့ MBC ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင် သရုပ် ဆောင်ပေးရန် ကမ်းလှမ်းခံရ

ဆိုးလ်၊ ဇန်နဝါရီ ၁၆ ။                 ။ တောင်ကိုရီးယား မင်းသမီးချော ဟွမ်ဂျောင်အမ်နှင့် မင်းသား ဆောင်ကောင်ဂျွန်တို့သည် မကြာမီ ထုတ်လွှင့်ပြသမည့် လူမှုဘဝ သရုပ်ဖော် ရုပ်သံဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ပေးရန် ကမ်းလှမ်းခံရသည်။

ဟွမ်နှင့် ဆောင်တို့သည် ဒရမ်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် စဉ်းစားလျက်ရှိကြောင်း MBC ဒရမ်မာဇာတ်ကား အဖွဲ့ဝင်တစ်ဦးက ဒေသတွင်းသတင်းဌာန Newsen ကို ဇန်နဝါရီ ၁၅ ရက် တွင် ပြောကြားခဲ့သည်။

“ဟွမ်နဲ့ ဆောင်တို့ဟာ ဒရမ်မာဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ အခုချိန်ထိ ဆုံးဖြတ်ချက် မချရသေးပါဘူး” ဟု ထုတ်လုပ်ရေး အဖွဲ့သားများက ပြောကြားသည်။ အသက် ၃၀ အရွယ်ရှိ ဟွမ်သည် ၂၀၁၃ ခုနှစ်က SBS ရုပ်သံ၏ “Incranation of Money” ဇာတ်ကားနှင့် ၂၀၁၀ ခုနှစ်က SBS ရုပ်သံ၏ “Giant”  ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင် ခဲ့သူ တစ်ဦးဖြစ်သည်။

အဆိုပါ ဇာတ်ကားနာမည်ကို “Glamorous Temptation” ဟု အမည်ပေးထားပြီး တနလာၤနှင့် အင်္ဂါနေ့တို့တွင် ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly