ဒေးဗစ် ဘိုဝီ ကွန်လွန်ပြီးနောက် ၎င်း၏ နောက်ဆုံးထွက်ရှိခဲ့သော တေးအယ်လ်ဘမ် ဗြိတိန် တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

ဒေးဗစ် ဘိုဝီ ကွန်လွန်ပြီးနောက် ၎င်း၏ နောက်ဆုံးထွက်ရှိခဲ့သော တေးအယ်လ်ဘမ် ဗြိတိန် တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

လန်ဒန်၊ ဇန်နဝါရီ ၁၇။              ။ အဆိုတော် ဒေးဗစ်ဘိုဝီ၏ နောက်ဆုံးထွက်ရှိခဲ့သော တေးသီချင်း အယ်လ်ဘမ် “Blackstar” သည် ဇန်နဝါရီ ၁၅ ရက်က ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်းနှင့် ယင်းတေးသီချင်း အယ်လ်ဘမ်သည် ပြီးခဲ့သည့် သတင်းပတ် ၎င်းမကွယ်လွန်ခင် ရက်ပိုင်းအလိုတွင် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

Blackstar တေးသီချင်း အယ်လ်ဘမ်သည် ထွက်ရှိပြီးသည့် အချိန်မှစ၍ အချပ်ရေ ၁၅၀၀၀၀ ခန့် ရောင်းချခဲ့ရကာ တေးသီချင်း အယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ အဲလ်ဗစ်ပရက် စ်လေသည် “If I Can Dream” တေးသီချင်း အယ်လ်ဘမ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး အဒဲလ်၏ “25” တေးသီချင်း အယ်လ်ဘမ်သည် တတိယနေရာတွင် ရပ်တည်နေသည်။

ထိပ်တန်း တေးသီချင်းအယ်လ်ဘမ် ၂၀ စာရင်းတွင် ဘိုဝီ၏ အောင်မြင်မှုရရှိထားသော တေးသီချင်း အယ်လ်ဘမ် သုံးခု ပါဝင်ခဲ့ကြောင်းနှင့်  “Hunky Dory” တေးအယ်လ်ဘမ်သည် နံပါတ် ၁၄ နေရာတွင် ရပ်တည်နေပြီး “The Rise and Fall of Ziggy Stardust” နံပါတ် ၁၇ နေရာတွင် ရပ်တည်နေသည်။

ဇန်နဝါရီ ၁၀ ရက်က ဘိုဝီ ကွယ်လွန်ခဲ့ပြီးသည့် အချိန်မှစ၍ ဗြိတိန် တေးဂီတဇယားတွင် ပထမဆုံးအကြိမ်အဖြစ် ကြီးစိုးခဲ့ခြင်းဖြစ်ကြောင်း Official Charts  ကုမ္ပဏီက ပြောကြားသည်။ “Blackstar” တေးသီချင်း အယ်လ်ဘမ်ကို အမေရိကန် တေးဂီတဇယားများတွင် ထိပ်ဆုံးမှ ရပ်တည် နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် ယင်းတေးသီချင်း အယ်လ်ဘမ်သည် ဘိုဝီ ကွယ်လွန်ပြီးသွားသည့် သတင်းကြောင့် ရောင်းချရမှုသည် ၁၀ ၅၅ ရာခိုင်နှုန်း မြှင့်တတ်ခဲ့ကြောင်း Nielsen တွင် ဖော်ပြထား သည်။

ဘိုဝီ၏ တစ်ကိုယ်တော် တေးသီချင်းများဖြစ်သော “Heroes” တေးသီချင်းသည် နံပါတ် ၁၂ နေရာ၊ “Life on Mars”  တေးသီချင်းသည် နံပါတ် ၁၆ နေရာ၊ “Starman” တေးသီချင်သည် နံပါတ် ၁၈ နေရာနှင့် “Let’s Dance” တေးသီချင်းသည် နံပါတ် ၂၃ နေရာတွင် ယခုသီတင်းပတ်က ရပ်တည် ခဲ့ကြောင်း Charts ကုမ္ပဏီက ပြောကြားသည်။

ဘိုဝီသည် လာမည့်လတွင် ကျင်းပပြုလုပ်မည့် Brit Awards ဆုပေးပွဲတွင် ဂုဏ်ပြခံရမည်ဖြစ် ပြီး  မတ် ၃၁ ရက်တွင် နယူးယောက်မြို့ Carnegie ခန်းမတွင် အောက်မေ့သတိရ အခမ်းအနားကို ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly