ပြင်တယ်ဆိုတာ ထိထိရောက်ရောက် ပြင်မှ အဓိပ္ပါယ်ရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ပြင်တယ်ဆိုတာ ထိထိရောက်ရောက် ပြင်မှ အဓိပ္ပါယ်ရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဇွန် ၂၅ ရက်တွင် ကျင်းပနေရာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းနေ့ နေ့လည်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  ထိထိရောက်ရောက် ပြင်ဆင်မှ အဓိပ္ပါယ် ရှိမည်ဟု ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ‘ပြင်တယ် ဆိုကတည်းက ထိထိရောက်ရောက် ပြင်မှ အဓိပ္ပါယ်ရှိတာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်အတွက် ပြင်ဆင်တာ ဖြစ်တယ်။ နိုင်ငံရဲ့ အနာဂတ်အတွက် ပြင်ဆင်တဲ့ အပေါ်မှာ တကယ် အနာဂတ် အတွက် ထိရောက်မှု ရှိသလား မရှိဘူးလား။ အဲဒါကို စဉ်းစားဖို့ လိုတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်တယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ် အတွက် အရေးကြီးတယ်။ ဘယ်သူတွေက ဘာတွေကို ပြောင်းချင်တယ်။ မပြောင်းချင်ဘူးပေါ့။ ပြောင်းတယ် ဆိုတာကလည်း တကယ့်ကို အပြောင်းအလဲ ဖြစ်မှ ပြောင်းရာ ရောက်တာပေါ့’  ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly