Zika ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသော လက်တင်အမေရိက နိုင်ငံများသို့ ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်တစ်ခု အမေရိကန် ထုတ်ပြန်

Zika ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသော လက်တင်အမေရိက နိုင်ငံများသို့ ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်တစ်ခု အမေရိကန် ထုတ်ပြန်

ဇန်နဝါရီ ၁၆ ။            ။ ကာရေဘီယံနှင့် လက်တင် အမေရိကဒေသများရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ခြင်မှ ကူးစက်တတ်သည့် ရောဂါပိုးတစ်မျိုးဖြစ်သော ဇီကာ Zika ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပြန့်နှံ့နေမှုကြောင့် အဆိုပါ နိုင်ငံများသို့ ခရီးသွားလာမှုအပေါ် သတိပေးချက်တစ်ခုကို အမေရိကန် ကျန်းမာရေး တာဝန်ရှိသူများက ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ Zika ရောဂါပိုးကူးစက်ခံရပါက မိခင်များ ကလေးမွေးဖွားရာတွင် ကလေးငယ်မှာ ကိုယ်လက်အင်္ဂါမပြည့်မစုံပဲ မွေးဖွားလာနိုင်ခြင်းကြောင့် အထက်ပါ နိုင်ငံများသို့ နိုင်ငံသားများ (အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များ) ခရီးသွားလာခြင်း မပြုကြရန် အမေရိကန် ကျန်းမာရေး စင်တာက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

လက်တင်အမေရိက နှင့် ကာရေဘီယံ နိုင်ငံများဖြစ်သော ဘရာဇီး၊ ကိုလံဘီယာ၊ဂွာတီမာလာ၊ ဟေတီ၊ ဟွန်းဒူးရပ်စ်၊ မက္ကဆီကို၊ ပနားမား၊ ပါရာဂွေး၊ ဗင်နီဇွဲလား စသည့် နိုင်ငံများ သို့ ခရီးသွား လာခြင်းအတွက် အမေရိကန်က ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ဒေသများသို့ မသွားလာမီ မိခင်လောင်းများအနေဖြင့် သက်ဆိုင်ရာ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှ သွားလာသင့်ကြောင်းကျန်းမာရေး တာဝန်ရှိသူများက သတိပေးထားသည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတွင် Zika ပိုး ကူးစက်မှု နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု အီကွေဒေါနိုင်ငံက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly