Thailand Make Up & Hair သင်တန်းကျောင်းမှ International Make Up & Hair Show 2016 ပွဲ ကျင်းပမည်

Thailand Make Up & Hair သင်တန်းကျောင်းမှ International Make Up & Hair Show 2016 ပွဲ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။          ။ Thailand Make Up & Hair Training School မှ ပထမဆုံး ဦးစီး ကျင်းပ်မည့် International Make Up & Hair Show 2016 ပွဲကြီးကို ၂၀၁၆ ခုနှစ် ဧပြီလတွင် ရန်ကုန်မြို့ရှိ ဆူလေးရှန်ဂရီလာဟိုတယ်၌ ကျင်းပသွားမည် ဖြစ်သည်။

Thailand Make Up & Hair Training School ကို မိတ်ကပ် ပညာရှင် လောင်ခမ်းမှ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး လောင်ခမ်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မိတ်ကပ် နှင့် ဆံပင်ပညာကို သင်ယူခဲ့သူလည်း ဖြစ်သည်။

Thailand Make Up & Hair Training School မှ ကိုလောင်ခမ်းက "ကျွန်တော်တို့ သင်တန်းကျောင်းကနေ မြန်မာနိုင်ငံမှာ ပထမဆုံး မိတ်ကပ်ဆံပင်နဲ့ ပတ်သက်တာတွေကို ပထမဆုံး ရှိုးပွဲ အနေနဲ့ ပြသသွားမှာပါ။ ဧပြီမှာ လုပ်ဖြစ်တာကတော့ သြင်္ကန် ကာလဖြစ်တဲ့အတွက် လူငယ်တွေနဲ့ မိတ်ကပ် ဘယ်လို ပြင်ဆင်ရမယ် ဆံပင်နဲ့ ပတ်သက်ပြီး ဘယ်လို ပြင်ဆင်မလဲ ဆိုတဲ့ အကြောင်းအရာကို ပြသသွားမှာပါ" ဟု ပြောသည်။

ထို International Make Up & Hair Show 2016 ပွဲတွင် Thailand Make Up & Hair Training School မှ သင်တန်းသူ၊ သင်တန်းသားများ၏ ဆန်းသစ်လှပသည့် မိတ်ကပ် ပြင်ဆင်မှုများ တီထွင်ဖန်တီးမှုများ အပြင် ဘန်ကောက်မှ ဆံပင်ပညာရှင်များနှင့် စုပေါင်းပြီး ကျင်းပသွားမည် ဖြစ်သည်။

Thailand Make Up & Hair Training School ကို မြန်မာပြည်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အပတ်စဉ်(၁) မှ အပတ်စဉ်(၉) အထိ ဖွင့်လှစ်သင်ကြားပြီးခဲ့ပြီ ဖြစ်သည်။ သင်တန်း ကာလ အမျိုးအစားမှာ (၇)ရက် အထူး သင်တန်း နှင့် ၂လ အဆင့်မြင့် မိတ်ကပ် ဆံပင်ပညာရပ်များကို နိုင်ငံတကာ သင်ရိုးနည်းအတိုင်း သင်ကြား ပေးလျက်ရှိသည်။

သင်တန်းကျောင်းတွင် တက်ရောက်သည့် သင်တန်းသူ၊ သင်တန်းသားများထဲမှ ထူးချွန်သည့် ကျောင်းသူ ကျောင်းသားများကိုလည်း ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး Make Up Hair နှင့် ပတ်သက်သည့် ပညာရပ်များကို သင်ကြား ပေးသွားမည် ဖြစ်သည်။

သင်တန်းကျောင်း အနေဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် Channel 9 ၌ မြန်မာနိုင်ငံ၏ ပထမဆုံး Make Up Horror Show 2015 ကို တိုက်ရိုက် ထုတ်လွှင့် ပြနိုင်ခဲ့သည်။ ယခုအခါမှာတော့ ၂၀၁၆ ခုနှစ် ဧပြီလတွင် International Make Up & Hair Show 2016 ပွဲကို ပြုလုပ်သွားမည် ဖြစ်သည်။

Thailand Make Up & Hair Training School ကို လက်ရှိတွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ မုဒိတာ အိမ်ရာ၊ အမှတ် (၄၅၂) ၊ တိုက်(A) ၊ (၃)လွှာ တွင် ဖွင့်လှစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly