ချယ်လ်ဆီးနှင့်ဝက်စ်ဘရွန်းကို အက်ဖ်အေစွဲချက်တင်

ချယ်လ်ဆီးနှင့်ဝက်စ်ဘရွန်းကို အက်ဖ်အေစွဲချက်တင်

ဇန်နဝါရီ ၁၆၊ လန်ဒန် ။            ။ ဗုဒ္ဓဟူးနေ့တွင် တစ်ဖက်နှစ်ဂိုးစီသရေကျသောပွဲမှဖြစ်ရပ်များအတွက် ချယ်လ်ဆီးနှင့် ဝက်စ်ဘရွန်းတို့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်လိုက်သည်။

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကို ဝက်စ်ဘရွန်းကွင်းလယ်လူ ယာကော့ဘ်က ပြစ်ဒဏ်ကျူးလွန်ခဲ့ရာတွင် ဒုတိယအကြိမ်မြောက် အဝါကတ်ပြခံရခြင်းမရှိရာမှအစပြုပြီး   နှစ်ဖက်ကစားသမားများ   ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

အသင်းများအနေဖြင့် ကစားသမားများကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် စွဲချက်တင်ခံရခြင်းဖြစ်သည်။ အက်ဖ်အေ၏စွဲချက်ကို ဇန်နဝါရီ ၂၀ ရက်ထိ ခုခံချေပခွင့်ရမည်ဖြစ်သည်။

ချယ်လ်ဆီးကာလတိုနည်းပြ ဟစ်ဒင့်သည် ယာကော့ဘ်အထုတ်ခံရသင့်သည်ဟုယူဆခဲ့ပြီး ပွဲချိန်အတွင်း အကူဒိုင်လူကြီးဂျွန်မော့စ်ကို စောဒကတက် ခဲ့သေးသည်။

"ကျွန်တော်သူ့ကိုပြောခဲ့တယ်။ ဒိုင်လူကြီးဟာ ကျွန်တော်ကြုံဖူးသမျှထဲမှာ အညံ့ဆုံးပရီးမီးယားလိဂ်ဒိုင်လူကြီးလို့ ပြောခဲ့တယ်"ဟု ဟစ်ဒင့်က စနေနေ့တွင်ကစားမည့် အဲဗာတန်နှင့်ပွဲအတွက် သောကြာနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဆက်လက်၍ ဟစ်ဒင့်က  "အကူဒိုင်က ပြောတယ်။ 'ခင်ဗျား ကျွန်တော့်ကို မတွေ့ဖူးသေးလို့ပါ' တဲ့။ သိပ်လှတဲ့တုန့်ပြန်မှုလို့ ကျွန်တော် ထင်ပါတယ်"ဟု ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly