တရုတ်တွင် သက်တမ်းနှစ် ၄၀ ကျော်နေသည့် မှောင်ခို ရေခဲရိုက် အသားများကို ဖမ်းဆီး

တရုတ်တွင် သက်တမ်းနှစ် ၄၀ ကျော်နေသည့် မှောင်ခို ရေခဲရိုက် အသားများကို ဖမ်းဆီး

(ပေကျင်း)။ ။ တရုတ်နိုင်ငံ အာဏာပိုင်များက မှောင်ခိုရေခဲရိုက်အသားများ တန်ချိန် တစ်သိန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ ရာတွင် တစ်ချို့သောအသားများမှာ သက်တမ်းအားဖြင့် နှစ် ၄၀ ကျော်ကြာမြင့်နေသည့် အသားများဖြစ်ကြောင်း
နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

နိုင်ငံတစ်ဝန်း မှောင်ခိုမှုများကို ဖြိုခွင်းရာ ဖမ်းဆီးရမိသည့် ရေခဲရိုက်အသားများ၏ တန်ဖိုးမှာ ပေါင် သန်း ၃၀၀ (ယွမ် ၃ ဘီလီယံ၊ အမေရိကန် ဒေါ်လာ ၄၈၃ သန်း) ရှိသည်။

"တကယ့်ကို အနံအသက် ဆိုးလွန်းတယ်။ ဒီအသားတွေ သိုလှောင်ရုံ တံခါးကို ဖွင့်လိုက်ချိန် ကျွန်တော် ထိုးအန်ချင်သွားတယ်” ဟု မှောင်ခိုဖမ်းဆီးရာ၍ တန်ချိန် ၈၀၀ ရေခဲရိုက်အသားများကို ဖမ်းဆီးရမိခဲ့သည့် ဟူနန်ပြည်နယ်မှ တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောခဲ့သည်။

တရုတ်နိုင်ငံတွင် အစားအစာထုတ်လုပ်မှုများ၌ စံအရည်အသွေးမမှီခြင်းသည် အဓိကစိုးရိမ်မှုများ ဖြစ်နေသည်။

ဗီယက်နမ် နယ်စပ်အနီး ကွမ်ရှီးဒေသတွင် ဖမ်းမိသည့် အသားများမှာ သက်တမ်းအားဖြင့် ၁၉၇၀ ခုနှစ်များက အသားများဖြစ်ကြောင်း တာဝန်ရှိသူများက တွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာ ချိုင်းနားဒေးလီးတွင် ဖော်ပြထားသည်။

ဟူနန်ပြည်နယ်အတွင်း ဖမ်းဆီးမှုတွင် တစ်ချို့အအေးခံ အသားများမှာ အအေးဓာတ်ပြယ်ပြီးမှ တစ်ဖန် ပြန်အေးခဲအောင် လုပ်ထားသည့် အသားများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ငွေကြေးချွေတာရေးအတွက် အအေးပေးကားများဖြင့် သယ်ယူပို့ဆောင်ခြင်း မရှိဘဲ ရိုးရိုးကားများဖြင့်သာ အသယ်အပို့ လုပ်ပြီး နောက်ပိုင်းမှာ ပြန်လည်အအေးပေးတဲ့ အသားများဖြစ်ကြောင်းလည်း ဟူနန်ပြည်နယ် မှောင်ခိုတိုက်ဖျက်ရေး အရာရှိ တစ်ဦးဖြစ်သူ ယန်ပိုကပြောသည်။

"တစ်ချို့အသားတွေက စားသုံးသူများထံ မရောက်မီမှာ အကြိမ်ကြိမ်အခါခါ အအေးဓာတ် ပြယ်ပြယ်ခဲ့ပြီးမှ ပြန်ပြန် အအေးပေးခံထားရတဲ့ အသားတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly