၂၀၃၀ ပြည့်နှစ်တွင် တရုတ်က အဓိက အာကာသအင်အားကြီးနိုင်ငံ ဖြစ်လာရန် ရည်မှန်းထား

၂၀၃၀ ပြည့်နှစ်တွင် တရုတ်က အဓိက အာကာသအင်အားကြီးနိုင်ငံ ဖြစ်လာရန် ရည်မှန်းထား

၂၀၃၀ပြည့်နှစ်တွင် အဓိကျသည့် အာကာသအင်အားကြီးနိုင်ငံ ဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် တရုတ်က ယင်းအစီအစဉ်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို လာမည့် ၅ နှစ်အတွင်း ဘက်ပေါင်းစုံ နည်းလမ်းဖြင့် အားကောင်းအောင် လုပ်ဆောင်ရေးကို ဆုံးဖြတ်ထားကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းက ထုတ်ပြန်ခဲ့သော စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

တရုတ်၏ အာကာသစီမံကိန်းသည် နိုင်ငံတော်အဆင့် ထိပ်တန်းမဟာဗျူဟာဖြစ်ကြောင်းကိုလည်း ယင်း စာတမ်းတွင် ဖော်ပြထားသည်။

"လာမယ့် ၅ နှစ်အတွင်းမှာ တရုတ်က ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်သစ်ကို ရှာဖွေရင်း အာကာသသိပ္ပံ၊ နည်းပညာနဲ့ အသုံးချမှုများကို ပေါင်းစပ်ပြီး ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်ကို တည်ဆောက်မည်ဖြစ်သလို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ ဒါက အာကာသ အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ခရီးသစ်တစ်ခုကို စတင်မှာဖြစ်ပါတယ်" ဟု "တရုတ်အာကာသအစီအစဉ်-- ၂၀၂၁ သုံးသပ်ချက်" ဟု အမည်ပေးထားသည့် စက္ကူဖြူစာတမ်းတွင် ရေးသားထားသည်။

အာကာသစီမံကိန်းသည် တရုတ်နိုင်ငံ ဘက်စုံတိုးတက်မှုအတွက် အကျိုးပြုလိမ့်မည်ဖြစ်ပြီး ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးချရေးဆိုင်ရာ ဘုံကြိုးပမ်းမှုများ အတွက် တစ်ကမ္ဘာလုံးကလည်း လက်နိုင်မည်ဖြစ်ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

၂၀၂၁ခုနှစ် ဧပြီလတွင် တရုတ်က အာကာသစခန်းသစ်၏ အဓိက အစိတ်အပိုင်းဖြစ်သော Tianheကို လွှတ်တင်ခဲ့ပြီး မကြာမီ အာကာသယာဉ်မှူးများကို အာကာသစမ်းသပ်ခန်းသို့ စေလွှတ်ခဲ့သည်။

မန်ထန်းနှင့် ဝမ်ထန်းဟု လူသိများသော အခြား module နှစ်ခုကို လွှင့်တင်ရမည့်နောက်ဆက်တွဲ တာဝန်ကျန်ရှိ နေသေးပြီး ၂၀၂၂ခုနှစ် အကုန်တွင် ယင်း အာကာသစခန်းသစ်ကို အပြီးသတ်တည်ဆောက်ရန် စီစဉ်ထား ကြောင်း ထင်ရှားသော Space ဝဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့သည်။

တရုတ်သည် Xuntianဟုခေါ်သော အာကာသကြည့်မှန်ပြောင်းတစ်ခုကိုလည်း တည်ဆောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly