ပေါ်လစီကို ဒေါသထွက်နေသည့် နိုင်ငံရေးသမားက ဘတ်စ်ကားအပြည့် ဒုက္ခသည်များကို မာကဲထံ ခေါ်ဆောင်သွားခဲ့ဟုဆို

ပေါ်လစီကို ဒေါသထွက်နေသည့် နိုင်ငံရေးသမားက ဘတ်စ်ကားအပြည့် ဒုက္ခသည်များကို မာကဲထံ ခေါ်ဆောင်သွားခဲ့ဟုဆို

ဘာလင်၊ ဇန်နဝါရီ - ၁၅ ။            ။ သူမ၏ တံခါးဖွင့်ဒုက္ခသည်ပေါ်လစီအပေါ် အလွန်အမင်းဒေါသထွက်နေသည့် ဂျာမနီတောင်ပိုင်း ဘာဘာရီးယားပြည်နယ်မှ ဒေသခံနိုင်ငံသမား တစ်ယောက်က ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဒုက္ခသည် ၃၁ယောက်ကို ဘတ်စ်ကားဖြင့် တင်ဆောင်ကာ ဘာလင်ရှိ အိန်ဂျလာမာကဲ၏ ရုံးသို့ သွားရောက်ခဲ့သည်။

ရဲများ ခြံရံလိုက်ပါလာသည့် ဆီးရီးယားဒုက္ခသည်များမှာ ကီလိုမီတာ ၅၅၀ခရီးကို ဖြတ်သန်းပြီး မာကဲ၏ရုံး အပြင်ဘက်သို့ ဆိုက်ရောက်လာသည့်အခါတွင် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် အခြား ဂျာမန်ဆန့်ကျင်သူ တစ်ဒါဇင်ခန့်က ရွှေ့ပြောင်းအခြေချပြဿနာအပေါ် သူမ၏ ရပ်တည်ချက်ကို ဆန့်ကျင်သည့်အနေဖြင့် မာကဲ ထွက်သွားဟု အော်ဟစ်နေကြသည်ဟု ဆိုသည်။

တောင်ပိုင်း လင်းရှပ်မြို့၏ အကြီးအကဲ ပီတာ ဒရီရားမှာ ယမန်နှစ်က ၎င်း၏ မြူနီစပါယ်ဌာနမှာ ဆိုက်ရောက်လာနေသည့် ဒုက္ခသည်အရေအတွက် များပြားလွန်းသည့်အတွက် မကိုင်တွယ်နိုင်တော့ကြောင်း ပြောကြားခဲ့သည့်အတွက် မာကဲကို ခြိမ်းခြောက်မှုဖြင့် အရေးယူခံခဲ့ရသည်။

 ‘ကျနော်တို့ဟာ ဒီဒုက္ခသည်တွေကို လူဆန်ဆန် ဆက်ဆံပေးရမယ့် ဝတ္တရားရှိတယ်။ ဒါပေမယ့်လည်း ဒီလောက်အချိန်တိုအတွင်းမှာ ဒီလောက်အများကြီးကိုတော့ ကျနော်တို့ အာမမခံနိုင်တော့ဘူး’ဟု ဒရီရားက ဒုက္ခသည်များပါသည့် ဘတ်စ်ကားဖြင့် မြို့တော်သို့ ရောက်ရှိလာစဉ် ပြောကြားခဲ့သည်။

လင်းရှပ်မှ အာဏာပိုင်များက ဒုက္ခသည်များကို ဘာလင်မှ ဒေသအာဏာပိုင်များလက်သို့ လွှဲပြောင်ပေးရေး စီစဉ်ခဲ့ကြသည်။ နေရာထိုင်ခင်း မည်သို့စီစဉ်ထားသည်ဟူသည့် စိုးရိမ်စိတ်များဖြင့် ဒုက္ခသည်များမှာ ဘတ်စ်ကားပေါ်မှ တစ်နာရီခန့် မဆင်းနိုင်ဖြစ်ခဲ့ကြရသည်။ ခိုလှုံခွင့်စခန်းများသာလျှင် ရှိတော့သည်။

‘ဝန်ကြီးချုပ်ရုံးနဲ့ ဆက်သွယ်မိတော့ နည်းနည်း စိတ်ပျက်သွားတယ်။ ဒီနေရာ ဘာလင်မှာ ဒုက္ခသည်တွေကို စခန်းတွေမှာပဲ ခိုင်လှုံခွင့်ပေးလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး’ဟု ဒရီရားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly