ရန်ကုန်ယူနိုက်တက် နှင့် FIN တို့ တစ်နှစ်စပွန်ဆာစာချုပ် ချုပ်ဆို

ရန်ကုန်ယူနိုက်တက် နှင့် FIN တို့ တစ်နှစ်စပွန်ဆာစာချုပ် ချုပ်ဆို
၂၀၁၆ ဘောလုံးရာသီတွင် ရန်ကုန်အသင်းအား  FNI အကျီရင်ဘတ်စပွန်ဆာဖြင့် တွေ့ရစဉ် (ဓာတ်ပုံ-YUFC)

 ဇန်နဝါရီ ၁၅၊ ရန်ကုန်။        ။ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် အဓိကစပွန်ဆာအဖြစ် First National Insurance အာမခံကုမ္မဏီနှင့် တစ်ရာသီစာချုပ်ချုပ်ဆိုလိုက်သည် ဟု အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။ FNI ကုမ္မဏီသည် ပြီးခဲ့သည့် ၂၀၁၄ ဘောလုံးရာသီမှစကာ ရန်ကုန်အသင်းအား အဓိကစပွန်ဆာအဖြစ် ပံ့ပိုးခဲ့ပြီးအသင်းအကျီရင်ဘတ်တွင်လည်း FNI ကုမ္မဏီလိုဂိုကို အသုံးပြုလျက်ရှိသည်။

ရန်ကုန်အသင်း၏ စပွန်ဆာနှင့် ပတ်သက်၍ “ ဒီရာသီစပွန်ဆာအတွက် FNI ကုမ္မဏီနဲ့ပဲ အသင်းကို စာချုပ်ချုပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ကတည်းက သူတို့နဲ့ပဲ ချုပ်ဖြစ်တာပါ။ လောလောဆယ်တော့ တစ်ရာသီချင်းပဲ ချုပ်ဆိုထားပါတယ်။ အပြင်စပွန်ဆာသီးသန့်တော့ မရှိသေးပါဘူး။ လာမယ့် တစ်ပတ်အတွင်း စာချုပ်ချုပ်ဆိုပွဲနဲ့ အသင်းမိတ်ဆက်ပွဲပုံစံလေး လုပ်ဖို့လည်း စီစဉ်နေပါတယ် ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်အသင်းသည် မြန်မာနေရှင်နယ်လိဂ်တွင် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များ၌ သုံးနှစ်ဆက်တိုက် လိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၅ ဘောလုံးရာသီတွင် လေးကြိမ်မြောက် လိဂ်ချန်ပီယံအဖြစ် ဗိုလ်စွဲကာ ၂၀၁၁ ရှုံးထွက်ချန်ပီယံဆု ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည့် အသင်းတစ်သင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly