၂၀၁၅ တွင် တရုတ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) ဒေါ်လာ ၁၂၆ ဒသမ ၃ ဘီလျံရရှိ

၂၀၁၅ တွင် တရုတ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) ဒေါ်လာ ၁၂၆ ဒသမ ၃ ဘီလျံရရှိ

ပေကျင်း၊ ဇန်နဝါရီ ၁၅ ။          ။ ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေး တရုတ်၏ စီးပွားရေးမှာ နှေးကွေးနေသော်လည်း ဇန်နဝါရီ၁၄က ထုတ်ပြန်ခဲ့သော တရားဝင်အချက်အလက်များအရ ဝန်ဆောင်မှု ကဏ္ဍတွင် များပြားစွာ ရင်းနှီးမြုပ်နှံခဲ့ပြီးနောက် နိုင်ငံတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု(FDI)မှာ ၂၀၁၅တွင် အရှိန်မြင့်မားလာခဲ့သည်။

ဘဏ္ဍာရေးကဏ္ဍကို ထည့်တွက်မထားသော FDI မှာယခင်တစ်နှစ်ကထက် ၅ဒသမ၆ရာခိုင်နှုန်းတက်လာခဲ့ပြီး ဒေါ်လာ ၁၂၆ ဒသမ ၃ ဘီလျံ အထိရောက်ရှိ လာခဲ့သည်ဟု ကုန်သွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။ ၂၀၁၄ခုနှစ်ကမူFDI မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းသာတိုးတက်ခဲ့ သည်။

ပင်လယ်ရပ်ခြားမှ ရင်းနှီးမြုပ်နှံမှုမှာ မကြာသေးမီနှစ်များအတွင်း တရုတ်စီးပွားရေးစန်းပွင့်မှု၏ သော့ချက်တစ်ခုဖြစ်နေခဲ့သည်။ ပြည်ပတွင် တရုတ်က တိုက်ရိုက်ရင်းနှီးမြုပ်နံှမှုပမာဏကိုလည်း နောက်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုရရှိသော ကုမ္ပဏီများသည် တရုတ်၏နိုင်ငံခြားကုန်သွယ်မှုထက်ဝက်နီးပါး၊ မြို့ပြအလုပ်အကိုင်၏ ၁၄ရာခိုင်နှုန်းခန့်နှင့် အခွန်ဝင်ငွေ၏ ၂၀ရာခိုင်နှုန်းကို ဖန်တီးသည် ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု အားကောင်းစွာတိုးချဲ့ခြင်းက FDI ကို မြင့်မားစေခဲ့ပြီး စီပွားရေးနှေးကွေးလာချိန်တွင် ဝန်ဆောင်မှုကဏ္ဍက ကောင်းစွာထိန်းထားနိုင်သည်ဆိုသည်။

ဝန်ဆောင်မှုလုပ်ငန်းထဲသို့ FDI ဝင်ရောက်မှုမှာ လွန်ခဲ့သည့်နှစ်က ၁၆ဒသမ၆ရာခိုင်နှုန်းခုန်တက်ခဲ့သည် ဝန်ကြီးဋ္ဌာန၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly