အင်တာသို့ အငှားသွားကစားမှု မှားယွင်းခဲ့သည်ဟု ပိုဒေါစကီးဝန်ခံ

အင်တာသို့ အငှားသွားကစားမှု မှားယွင်းခဲ့သည်ဟု ပိုဒေါစကီးဝန်ခံ

(လန်ဒန်)။ ။ ပြီးခဲ့သည့်ရာသီက အင်တာမီလန်သို့ အငှားဖြင့်ပြောင်းရွှေ့မှုမှာ မှားယွင်းခဲ့ကြောင်းနှင့် အာဆင်နယ်သို့
ပြန်လာချင်ကြောင်း တိုက်စစ်မှူး ပိုဒေါစကီးက ပြောကြားခဲ့သည်။

အသက် ၃၀ အရွယ်ရှိ ဂျာမန်တိုက်စစ်မှူးသည် ပြီးခဲ့သည့်နှစ် ဒုတိယ ရာသီဝက်ကာလအတွင်း အီတလီကလပ် အင်တာမီလန်သို့ အငှားဖြင့် သွားရောက်ကစားခဲ့သူဖြစ်ပြီး လက်ရှိအပြောင်းအရွှေ့ ကာလအတွင်း ဂါလာတာစာရေးအသင်း၏ စိတ်ဝင်စားခြင်းခံနေရသည်။

ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းက ဆုံးဖြတ်ချက်မှားခဲ့ကြောင်း သိရှိခဲ့ရပြီးနောက် အာဆင်နယ်သို့ ပြန်လာကာ ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်သွားရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

"အာဆင်နယ်မှာ နေရတာအမြဲပဲ သက်သောင့်သက်သာရှိပါတယ်။ ပရိသတ်တွေ၊ အသင်းသားတွေ၊ နည်းပြနဲ့ပေါ့။ ကျွန်တော် ပြန်ကစားသွားမယ်။ ကျွန်တော့်မှာ အာဆင်နယ်မှာ ကစားနိုင်တဲ့ အရည်အချင်းမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။ အင်တာမီလန်နဲ့လား။ ပြီးတာလည်း ပြီးခဲ့ပါပြီ။ အင်္ဂလိပ်ဘောလုံးဟာ ကျွန်တော့် ကစားဟန်နဲ့ အသင့်တော်ဆုံးပါ။ ဒါပေမဲ့ ကျွန်တော့် ဆုံးဖြတ်ချက်ပြောင်းခဲ့တာ မှားခဲ့ပါတယ်။ မတူညီတဲ့ အသင်းမှာ ကစားနိုင်စွမ်းရှိပေမယ့် အင်တာကို
ပြောင်းခဲ့တာကတော့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဘောလုံးမှာ ထင်ထားသလိုမဖြစ် တာတွေလည်း ရှိတတ်ပါတယ်" ဟု ပိုဒေါစကီးက ဂျာမန် သတင်းစာ ဘေ့သို့ ပြောသည်။

REF : ဂါးဒီးယန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly