ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ အိန္ဒိယသမုဒ္ဒရာတွင်း သြစတြေးလျ စစ်သင်္ဘော ဖမ်းဆီး

ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ အိန္ဒိယသမုဒ္ဒရာတွင်း သြစတြေးလျ စစ်သင်္ဘော ဖမ်းဆီး

(ဆစ်ဒနီ)။ ။ အိန္ဒိယသမုဒ္ဒရာအတွင်း မှောင်ခိုပေါက်ဈေး သြစတြေးလျဒေါ်လာ သန်း ၅၂၀ တန်ဖိုးရှိ ဘိန်းဖြူများကို သြစတြေးလျ စစ်သင်္ဘောက ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေတပ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလေးချိန်အားဖြင့် ၅၈၁ ကီလိုဂရမ်(ပေါင် ၁၂၈၀) ရှိသည့် ဘိန်းဖြူများကို ရွက်သင်္ဘော တစ်စင်းကို တွေ့ရှိခြင်းဖြစ်ပြီး အာဖရိကအရှေ့ကမ်းလွန်တွင် သြစတြေးလျသင်္ဘော HMAS Newcastle က ကြားဖြတ်ဖမ်းဆီးလိုက်နိုင်ခြင်း ဖြစ်သည်။

သြစတြေးလျသင်္ဘောသည် နိုင်ငံတကာကင်းလှည့်စစ်ဆင်ရေး ပူးပေါင်းရေတပ်ဖွဲ့ CMF တွင် ပါဝင်စစ်ဆင်ရေး ထမ်းဆောင်နေခြင်း ဖြစ်သည်။

CMF က ပင်လယ်ဓားပြမှုများ၊ အကြမ်းမှုများနှင့် မူးယစ်မှောင်ခိုကူးမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကင်းလှည့်စစ်ဆင်ရေးကို
ဆောင်ရွက်နေသည့် ပူးပေါင်းတပ်ဖွဲ့ဖြစ်သည်။

ယင်းပူးပေါင်းတပ်ဖွဲ့တွင် နိုင်ငံပေါင်း ၃၀ ပါဝင်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့အလယ်ပိုင်းဝန်းကျင်တွင် နိုင်ငံတကာရေပိုင်နက် ၂ ဒသမ ၅ စတုရန်းမိုင်တွင် ကင်းလှည့်လုပ်ငန်းများကို ရေတပ်သင်္ဘောများဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly