အော်စကာဆု ပမာဏ စာရင်းတွင် မင်းသား အက်ဒီရက်(ဒ်)မိန်းနှင့် လီယိုနာဒို ဒီကာပရီယိုတို့ ပါဝင်လာဖွယ်ရှိ

အော်စကာဆု ပမာဏ စာရင်းတွင် မင်းသား အက်ဒီရက်(ဒ်)မိန်းနှင့် လီယိုနာဒို ဒီကာပရီယိုတို့ ပါဝင်လာဖွယ်ရှိ

အော်စကာဆုအတွက် အဆိုပြုခံရသူများ စာရင်းကို ဇန်နဝါရီလ ၁၄ ရက်နေ့ ပစိဖိတ် စံတော် ချိန် နံနက် ၅ နာရီခွဲတွင် ကြေညာတော့မည် ဖြစ်ရာ အင်္ဂလိပ် ရုပ်ရှင်မင်းသား Eddie Redmayne မှာ ထိုစာရင်းထဲတွင် ပါဝင်ရန် ရေပန်းစားနေသည်။

သူသည် The Danish Girl ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ပမာဏ စာရင်းတွင် ပါဝင်လာဖွယ် ရှိသည်။ နာမည်ကျော် ရုပ်ရှင်မင်းသား လီယိုနာဒို ဒီကာပရီယို (Leonardo DiCaprio) သည်လည်း The Revenant ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ပမာဏ စာရင်းတွင် ပါဝင်လာနိုင် ခြေ ရှိနေသည်။ ဒီကာပရီယိုမှာ အော်စကာဆု ပမာဏ စာရင်းတွင် လေးကြိမ်တိုင်တိုင် ပါဝင်ခဲ့ပြီး ဖြစ်သော်လည်း အော်စကာဆု မရဖူးသေးပေ။

The Revenant ဇာတ်ကားမှာ Spotlight ၊ The Martian နှင့် Mad Max: Fury Road ဇာတ်ကားများနှင့်အတူ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအတွက် ပမာဏစာရင်းတွင် ပါဝင်လာဖွယ် ရှိသည်။
မင်းသား Redmayne မှာ ၂၀၁၅ ခုနှစ်တွင် The Theory of Everything ဇာတ်ကားဖြင့် အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly