ပက်ခ်ရှင်ဟေးနှင့် တွဲနေသည်ဟူသော ကောလဟာလ သတင်းကို ဖြန့်ခဲ့သည့် မီဒီယာ တစ်ခုကို မင်းသား ပက်ခ်ဟေဂျင်း တရားစွဲဆိုမည်

ပက်ခ်ရှင်ဟေးနှင့် တွဲနေသည်ဟူသော ကောလဟာလ သတင်းကို ဖြန့်ခဲ့သည့် မီဒီယာ တစ်ခုကို မင်းသား ပက်ခ်ဟေဂျင်း တရားစွဲဆိုမည်

တောင်ကိုရီးယားမင်းသား ပက်ခ်ဟေဂျင်းသည် ၎င်းနှင့် မင်းသမီး ပက်ခ်ရှင်ဟေးတို့ တွဲနေ သည်ဟူသော ကောလဟာလ သတင်းကို ဖြန့်ခဲ့သည့် သတင်းမီဒီယာတစ်ခုကို တရားစွဲဆိုသွားမည် ဖြစ်သည်။

“ပက်ခ်ရှင်ဟေးနဲ့ ပက်ခ်ဟေဂျင်းတို့ တွဲနေတယ်ဆိုတဲ့ သတင်းကို ဖြန့်ခဲ့တဲ့ သတင်းမီဒီယာ တစ်ခုကို ဒီနေ့(ဇန်နဝါရီ ၁၄ ရက်)မှာ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ ပြဌာန်းထားသော ရာဇဝတ်မှု ဆိုင်ရာ အရေးယူ လုပ်ဆောင်မှုတွေနဲ့အတူ ကောလဟာလသတင်းကို ဖြန့်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူ လုပ်ဆောင်သွားမှာပါ” ဟု ပက်ခ်ဟေဂျင်း၏ အေဂျင်စီ WM ကုမ္ပဏီက ပြောကြားသည်။

“ဒီလို မမှန်ကန်တဲ့ သတင်းကြောင့် ပက်ခ်ဟေဂျင်းနဲ့အတူ ပရိတ်သတ်တွေဟာလည်း ထိခိုက် ခံစားရပါတယ်။ ဒီသတင်းဆောင်ပါးကို ထုတ်ဝေခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်းကို ကျွန်တော် တို့ ရှာဖွေသွားမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း  ဒီလိုမျိုးသတင်းတွေ ထပ်ပြီး ထုတ်ဝေမှုမရှိအောင် လုပ်ဆောင်သွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အွန်လိုင်း သတင်းမီဒီယာတစ်ခုက ဇန်နဝါရီ ၁၂ ရက်တွင် “Park Hye Jin ♥ Park Shin Hye, May Their Love Last a Long Time~” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး တစ်ပုဒ်ကို ဖြန့်ချိခဲ့ သည်။

ယင်းသတင်းဆောင်းပါးတွင် ပက်ခ်ရှင်ဟေးနှင့် ပက်ခ်ဟေဂျင်းတို့ ဆိုးလ်သစ်တောတွင် အတူ ရှိနေသည့် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ယင်းသတင်းဆောင်းပါးကို SNS တွင် မျှဝေခဲ့ဲပြီး ပရိတ်သတ်များ ထိတ်ထိတ်ပျာပျာ ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly