စာရေးဆရာမ အယ်(လ်)ဂျိမ်း(စ်) ၏ ဝတ္ထုသစ် ရောင်းအကောင်းဆုံး စာအုပ်အဖြစ် စံချိန်သစ်တင်

စာရေးဆရာမ အယ်(လ်)ဂျိမ်း(စ်) ၏ ဝတ္ထုသစ် ရောင်းအကောင်းဆုံး စာအုပ်အဖြစ် စံချိန်သစ်တင်

စာရေးဆရာမ အယ်(လ်)ဂျိမ်း(စ်) (El James) ရေးသားသော ကမ္ဘာကျော်ဝတ္ထု “Fifty Shades of Grey” ၏ အဆက်ဖြစ်သည့် “Grey” ဝတ္ထုကို ထုတ်ဝေလိုက်ပြီဖြစ်ရာ၊ အရွယ်ရောက်သူများသာ ဖတ်ခွင့်ရှိသည့် စာအုပ်အမျိုးအစား ကဏ္ဍတွင် ယူကေ၌ စာအုပ်ထွက်ပြီးကာစ တစ်ပတ်အတွင်း ရောင်းအကောင်းဆုံး စာအုပ်အဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။

အယ်(လ်)ဂျိမ်း(စ်)၏ ဝတ္ထု “Grey” သည် ထွက်ပီးစ ပထမသုံးရက်အတွင်းတွင် အုပ်ရေပေါင်း ၆၄၇,၄၀၁ အုပ် ရောင်းချခဲ့ရရာ၊ ဒန်ဘရောင်း(န်) ရေးသားခဲ့ကာ ၂၀၀၉ ခုနှစ်က ငါးရက်အတွင်း အုပ်ရေပေါင်း ၅၅၁,၀၀၀ ရောင်းချခဲ့ရသည့် “The Lost Symbol” စာအုပ်၏ စံချိန်ကို ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

အယ်(လ်)ဂျိမ်း(စ်)၏ ဝတ္ထုသစ် “Grey” မှာ မူလစာအုပ်ဖြစ်သည့် “Fifty Shades of Grey” နှင့် ဇာတ်လမ်းအတူတူပင်
ဖြစ်သော်လည်း အမျိုးသားဇာတ်ကောင် Christian Grey ၏ ရှုထောင့်အမြင်မှ ပြန်လည်ဆန်းသစ် ရေးသားထားခြင်း
ဖြစ်သည်။

ယခုစာအုပ်နှင့် ပတ်သတ်၍ ဝေဖန်ရေးသမားများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသော်လည်း အမေရိကန်တွင် “Grey” ဝတ္ထုသည် လေးရက်အတွင်းတွင် အုပ်ရေပေါင်း တစ်သန်းတစ်သိန်းကျော် ရောင်းချခဲ့ရသည်။

စာရေးဆရာမ အယ်(လ်)ဂျိမ်း(စ်) ၏ ယခင်ကထွက်ရှိခဲ့သော “Fifty Shades” ဝတ္ထုရှည် သုံးပုဒ်မှာ အုပ်ရေပေါင်း ၁၂၅ သန်းကျော် ရောင်းခဲ့ရပြီ ဖြစ်ကာ၊ ရုပ်ရှင်လည်း ရိုက်ကူးခဲ့ရပြီး ထိုဇာတ်ကားမှာလည်း ဝင်ငွေ စံချိန်သစ် တင်နိုင်ခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags