ပင့်ကူလူသား ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရန်အတွက် ဗြိတိန်မင်းသား တွမ်ဟော်လန်ကို ရွေးချယ်

ပင့်ကူလူသား ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရန်အတွက် ဗြိတိန်မင်းသား တွမ်ဟော်လန်ကို ရွေးချယ်

လာမည့် ပင့်ကူလူသား (Spider Man) ဇာတ်ကားသစ်တွင် ပင့်ကူလူသားအဖြစ် သရုပ်ဆောင်ရန်အတွက် ဗြိတိသျှ မင်းသားတစ်ဦးကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။

Wolf Hall ဇာတ်ကားနှင့် ဂီတပြဇာတ်တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသား တွမ်ဟော်လန်ကို ရွေးချယ်လိုက်ခြင်း
ဖြစ်သည်။

ပင့်ကူလူသား ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရန်အတွက် အသက် ၁၉ နှစ်အရွယ် မင်းသား တွမ်ဟော်လန်ကို
ရွေးချယ်လိုက်ကြောင်း Marvel နှင့် ဆိုနီက ၎င်းတို့၏ ဝက်(ဘ်)ဆိုဒ်(ဒ်) တွင် အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။

ပင့်ကူလူသား နေရာတွင် သရုပ်ဆောင်ခွင့်ကို မင်းသား အန်ဒရူးဂါဖီးထံမှ မင်းသား တွမ်ဟော်လန်က လွှဲပြောင်းရယူလိုက်ခြင်း
ဖြစ်ပြီး ပင့်ကူလူသား ရုပ်ရှင်ဇာတ်ကားသစ်မှာ ၂၀၁၇ ခုနှစ်တွင် ထွက်ရှိမည် ဖြစ်သည်။

Marvel ကုမ္ပဏီ၏ ကြေညာချက်ထဲတွင် “The Impossible ၊ Wolf Hall နဲ့ ထွက်ရှိတော့မယ့် In the Heart of the Sea ဇာတ်ကားတွေ၊ ခက်ခဲလှတဲ့ စမ်းသပ်ရိုက်ကူးမှုတွေမှာ တွမ်ဟော်လန် ရဲ့ သရုပ်ဆောင်မှုတွေဟာ စတူဒီယိုတွေနဲ့ ထုတ်လုပ်သူတွေအတွက် အထင်ကြီးစရာပါ” ဟု ရေးသားဖော်ပြထားသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags