သေခြင်းမှာ မကွေကွင်းပါ စျာပနအခန်းအနားတွင် ချစ်သူ့ရုပ်အလောင်းနှင့် လက်ထပ်ခဲ့သည့် ထိုင်းသတို့သမီး

သေခြင်းမှာ မကွေကွင်းပါ စျာပနအခန်းအနားတွင် ချစ်သူ့ရုပ်အလောင်းနှင့် လက်ထပ်ခဲ့သည့် ထိုင်းသတို့သမီး

ဘန်ကောက်၊ ဇန်နဝါရီ-၁၄ ။        ။ ထိုင်းသတို့သမီးလေးဟာ သေခြင်းတရားက တို့ကိုကွဲကွာစေတယ်ဆိုတဲ့ စကားပုံဆိုရိုးအဟောင်းကြီးကို နာခံဖို့ ငြင်းဆန်ရုံသာမကဘဲ၊ ဈာပနအခန်းအနားမှာပဲ သူမရဲ့ သေဆုံးသွားတဲ့ ချစ်သူနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း ချာချုံဆောင်ပြည်နယ်က နန်း သစ်ဖာရက်ဟာ သူမရဲ့ ခင်ပွန်းလောင်းဟာ သေဆုံးသွားခဲ့ပြီဖြစ်ပေမယ့်လည်း သူတို့စုံတွဲရဲ့ လက်ထပ်ပွဲကို အစီအစဉ်အတိုင်းပဲ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

နာမကျန်းတဲ့ လက္ခဏာ တစ်စုံတစ်ရာမပြဘဲ ရုတ်တရက် နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့လို့ ကြင်ဖက် ဖိရက်ရဲ့ သေဆုံးမှုဟာ သူမအတွက် သွေးပျက်တုန်လှုပ်စရာ လက်ခံနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။

နန်းက သူမရဲ့ ထူးဆန်းတဲ့လက်ထပ်ပွဲ ပုံတွေ ဗွီဒီယိုတွေကို လူမှုမီဒီယာ စာမျက်နှာပေါ်တင်ခဲ့ပါတယ်။

ဗွီဒီယိုထဲမှာတော့ လူတွေက ဖိရက်ကို နောက်ဆုံး ဂါရဝပြုကြလို့၊ နန်းက လက်ထပ်ဝတ်စုံနဲ့ ဖိရက်ရဲ့ဘေးမှာ လက်ကိုကိုင်ပြီး ထိုင်နေတာကို တွေ့ကြရပါတယ်။

‘ကျမတို့ လက်ချင်းချိတ်လို့ လက်ထပ်ပွဲကို ကျမ အိပ်မက်မက်ခဲ့တယ်။ ငြိမ်းငြိမ်းချမ်းချမ်း နားပါတော့ ။ ဖိရက် ရှင့်ကို ကျမချစ်တယ်။ ကျမတို့ အိပ်မက်တွေ တကယ်ဖြစ်လာပြီဆိုတာ သိထားပေးပါ’လို့ နန်းက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဒါပေမယ်လည်း ဝမ်းနည်းဖို့ကောင်းတာက ဖန်နွမ် ဆာရာခန်ခရိုင်ထဲမှာ ကျင်းပခဲ့တဲ့ ဒီလက်ထပ်ပွဲကို ဥပဒေအရ အသိအမှတ်မပြုတာပဲ ဖြစ်ပါတယ်။

‘ဒါဟာ ဒီဘဝမှာ ကျမ သူ့ကို တစ်နည်းတစ်ဖုံ အလေးအမြတ်ပြုတာပါ။ တစ်နေ့နေ့ နောက်တစ်ဘဝမှာ ကျမတို့ ထာဝရမခွဲ အမြဲနေနိုင်ကြလိမ့်မယ်’’လို့ နန်းက ပြောကြားခဲ့ပါတယ်။

‘ကျမရဲ့ နှလုံးသည်းပွတ်တစ်ခုလုံးနဲ့ သူ့ကို ချစ်ခဲ့တယ်။ သူ့ကို ကျမဆီက လုယူသွားတဲ့အချိန်ကို ကျမ မခံရပ်နိုင်ခဲ့ဘူး။ ဒီလက်ထပ်မင်္ဂလာနေ့မှာ ခန်းနားတောက်ပနေခဲ့တယ်။ သူကလည်း ဒီလက်ထပ်ပွဲကို သဘောကျနှစ်သက်မယ်ဆိုတာ ကျမ အတပ်ပြောရဲပါတယ်’’လို့ နန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly