JYJ အဖွဲ့ဝင် ဂျန်ဆု ဆိုးလ်တေးဂီတ ဆုပေးပွဲတွင် လူကြိုက်အများဆုံးဆု ရရှိ

JYJ အဖွဲ့ဝင် ဂျန်ဆု ဆိုးလ်တေးဂီတ ဆုပေးပွဲတွင် လူကြိုက်အများဆုံးဆု ရရှိ

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ JYJ အဖွဲ့ဝင် ဂျန်ဆုသည် ၂၅ ကြိမ်မြောက် ဆိုးလ်တေးဂီတ ဆုပေးပွဲတွင် လူကြိုက်အများဆုံးဆု ရရှိခဲ့သည်။

ဆိုးလ်တေးဂီတ ဆုပေးပွဲသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှစတင်ကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ မဲပေးမှုများကို ရေတွက်ခဲ့ရာ ဂျန်ဆုသည် မဲအရေအတွက် ၄၇ ရာခိုင်နှုန်းဖြင့် ပထမနေရာကို ရပ်တည်ခဲ့သည်။

ဂျန်ဆုသည် ၂၀၁၅ မတ်လက ထွက်ရှိခဲ့သော တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ်ဖြင့် ဆိုးလ်တေးဂီတ ဆုပေးပွဲတွင် ဆုရရှိခဲ့ခြင်းဖြစ်ပြီး ရုပ်မြင်သံကြား အစီစဉ်များတွင် ပါဝင်ခြင်းမရှိဘဲ ပထမနေရာကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။

ဂျန်ဆုသည် တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ်နှင့် များစွာသော တေးသီချင်းများကို အရောင်းမြှင့်တင်မှုများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ “ကျွန်တော့်ကို  ဒီလိုစင်ပေါ်မှာ ရပ်တည်နိုင်ဖို့ အားပေးတဲ့ ပရိတ်သတ်တွေကို အမြဲ သတိရနေမှာပါ။ ကျွန်တော် ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးကို ချစ်ပါတယ်” ဟု ဂျန်ဆုက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly