Lဆိုင်းဇီ ၏ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အစွဲအလန်းကြီးသူ ဇန်နဝါရီ ၂၃ရက်တွင် ထွက်ရှိမည်

Lဆိုင်းဇီ ၏ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အစွဲအလန်းကြီးသူ ဇန်နဝါရီ ၂၃ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ။           ။ အဆိုတော် Lဆိုင်းဇီ ၏ အစွဲအလန်းကြီးသူ ဟု အမည် ပေးထားသည့် ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ် ဘမ် Audio CD ကို ဇန်နဝါရီ ၂၃ရက်တွင် The Sun Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

Lဆိုင်းဇီ ၏ အစွဲအလန်းကြီးသူ တေးအယ်ဘမ် နှင့် ပတ်သက်ပြီး စာနယ်ဇင်းများ နှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို ရန်ကုန်မြို့ အနော်ရတာလမ်းနှင့်ဗိုလ်တစ်ထောင်လမ်းထောင့်ရှိ Orchid Hotel ၌ ကျင်းပခဲ့သည်။

ရိုက်ကူး - ပန်းမြတ်ဇော်၊ တည်းဖြတ်- သီရိခင်အောင်

အဆိုတော် Lဆိုင်းဇီက "ဒီအခွေမှာ အရမ်း ကြိုးစား ထားပါတယ်။ အကောင်းဆုံး ပြင်ဆင်ထားတယ်။ ကြားမှာ ကြန့်ကြာသွားတာကတော့ အခွေကို မကြိုက်မချင်း လုပ်တဲ့အတွက် ပရိသတ်ကို ချပြတဲ့အခါ မကောင်းတာ မဖြစ်စေချင်ဘူး။ ကိုယ်ကိုတိုင်လည်း ကောင်းကောင်းလေး ဆိုထားတယ်။ ကောင်းကောင်းမွန်မွန်လေးလည်း ဖြစ်စေ ချင်တဲ့ အတွက် အချိန်ကြန့်ကြာသွားတာ ဖြစ်ပါတယ်" ဟု ပြောသည်။

တေးရေး ဆရာများ အဖြစ် ကေအေတီ၊ မြင့်မိုးအောင်၊ စောခူဆဲ၊ စိုးမိုး၊ ပတီး၊ ဂါဇာ(ပဲခူး) အပြင် အဆိုတော် Lဆိုင်းဇီ၏ အကို ဖြစ်သူ ရေးသား ပေးထားသည့် တေးသီချင်းလည်း ပါဝင်သလို ၎င်းကိုယ်တိုင် ရေးသားထားသည့် တေးသီချင်းများလည်း ပါဝင်မည် ဖြစ်သည်။

ထို တစ်ကိုယ်တော် တေးအယ်ဘမ်တွင် ကိုယ်ပိုင်သံစဉ် တေးသီချင်း ၁၂ပုဒ် ပါဝင်ပြီး Featuring အဆိုတော်များ အနေဖြင့် ဂျက်ဆန်ထွန်း၊ Raa Seng တို့မှ ပါဝင် သီဆို ပေးထားသည်။

အဆိုတော် Lဆိုင်းဇီကို တေးသီချင်း အေးအေးလေးများဖြင့် ပရိတ်သတ် အားပေးမှုများစွာ ရရှိခဲ့သည့် အဆိုတော် တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဝေခွဲမရပါလား တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်တွင် ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်အဖြစ် ထပ်မံ ထွက်ရှိလာခြင်းဖြစ်သည်။ ယခု ထွက်ရှိမည့် ဒုတိယမြောက် တစ်ကိုယ်တော် အခွေသည် ယခင် ထွက်ရှိခဲ့သည့် တစ်ကိုယ်တော် အခွေနှင့် အချိန်အတော်ကြာ ဝေးကွာ ခဲ့သည်။

အဆိုတော် Lဆိုင်းဇီ ၏ အစွဲအလန်းကြီးသူ တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဇန်နဝါရီ ၂၃ရက်တွင် စတင် ဖြန့်ချိမည် ဖြစ်ပြီး ဇန်နဝါရီ ၂၄ရက်တွင် မန္တလေး၌ ပရိုမိုးရှင်း ပြုလုပ်မည် ဖြစ်ကာ ဇန်နဝါရီ ၃၀ရက်တွင် လှည်းကူး၌ ပရိုမိုးရှင်းပွဲ ထပ်မံ ပြုလုပ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly