မြန်မာနိုင်ငံ တရားရုံးက အမှုတွေ ဘယ်သူ့ကြောင့် ကြာရတာလဲ

မြန်မာနိုင်ငံ တရားရုံးက အမှုတွေ ဘယ်သူ့ကြောင့် ကြာရတာလဲ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်မှာနေတဲ့ ဦးအောင်မျိုးက မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့မှာ သားတစ်ယောက် ရှိတယ်လို့ ပြောပါတယ်။ သူ့သားက အကြောင်းအရာတစ်ခုကြောင့် အရှေ့ပိုင်း တရားရုံးမှာ အမှုတစ်ခု ရင်ဆိုင်နေရပြီး ဒီအမှုဟာ တစ်နှစ် နီးပါး ရှိလာခဲ့တာကို ခုထိ မပြီးနိုင်သေးတဲ့အတွက် သူ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်တွေကို ပြောချင် လို့ စာရေးခဲ့တာပါလို့ ဆိုပါတယ်။

အမှုနဲ့ ပတ်သက်ပြီး တရားရုံးကို ဘာမှ မပြောလိုပါဘူး။ ပြောချင်တာက ရဲသက်သေ ကိစ္စပါ။ ဒီလိုပြောမယ်ဆိုလို့ ရဲတွေမကောင်း ရေးချင်လို့ မဟုတ်ဘဲ တရားရုံးတွေမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေပါလို့ ရေးပါတယ်။ အမှုတစ်ခုဖြစ်ရင် ရဲက ဖမ်းဆီး တရားရုံးတင်တဲ့အတွက် တရားရုံးမှာ ရဲတပ်ဖွဲ့က တပ်ဖွဲ့၏ အရာရှိ အရာခံနဲ့ တပ်ဖွဲ့ဝင်တွေ လာရောက် ထွက်ဆိုရပါတယ်။ ထွက်ဆိုရတဲ့ ရဲတပ်ဖွဲ့ရင်ဦးရေ နည်းရင် မကြပေမယ့် များတဲ့အမှုဆိုရင် အဆင်မပြေဘဲ အချိန်တွေ ကြာနေရပါ တယ်။ ထွက်ဆိုရမယ့် နေရာမှာ ရဲမလာလို့ အခါခါ ပြန်ချိန်းနေရတာ တရားရုံးနဲ့ ပတ်သက်ဖူးသူတိုင်း သိကြတယ်လို့ ဆိုပါတယ်။

အခုအချိန်အခါမှာ အမှုတွေလည်း ပေါများလာပြီး လက်ရှိ လူဦးရေနဲ့ တာဝန်ယူရတဲ့ ရဲအင် အား အချိုးက အဆမတန် ကွာဟနေတာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာလည်း နားလည်ပါတယ်။ ဒါပေမယ့် အမှုကြာလာတာနဲ့အမျှ အမှု ရင်ဆိုင်ရသူတွေသာမက နိုင်ငံတော်မှာလည်း အချိန်နဲ့ ငွေကြေး ထိခိုက်နစ်နာပါတယ်။ ရဲတွေ အလုပ်များတယ်ဆိုတာ သိပေမယ့် တရားရုံးကို လာရောက် သက်သေခံ ထွက်ဆိုပေးရမှာကလည်း အလုပ်တာဝန်တစ်ခုပဲလို့ ရဲတပ်ဖွဲ့ဝင်အချို့ နားလည်သ ဘောပေါက်အောင် တာဝန်ရှိသူများက ညွှန်ကြား သွင်သင်ပေးစေချင်လို့ ဒီစာကို ရေးပါတယ်လို့ ဆိုပါ တယ်။

မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍကို အုပ်ချုပ်သူများအနေနဲ့ ပြန်လည် သုံးသပ်ပြီး ပြင်ဆင်ရေးဆွဲ စေချင်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူအများစုဟာ အမှုအခင်း ဖြစ်မှာကို အလွန် ကြောက်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကြားနာစစ်ဆေးပြီး အပြစ်ရှိရင် သူသတ် မှတ်ထားတဲ့ ပြစ်ဒဏ်အတိုင်း စီရင်တာကို လက်ခံပါတယ်။ အခုလက်ရှိ ရင်ဆိုင် ကြုံတွေ့နေရတာက အမှုရင်ဆိုင်ရတဲ့ ကာလက ကြာမြင့်တာနဲ့အမျှ အမှုသည်နဲ့ သူ့မိသားစုတွေမှာ လူမှုရေး၊ စီးပွားရေးအ ပြင် ကျန်းမာရေးပါ ထိခိုက် နစ်နာဆုံးရှုံးနေရတာကို တာဝန်ရှိသူတွေ စဉ်းစားပေးစေချင်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အလုပ်များသော်လည်း ကိုယ်ချင်းစာစိတ်နဲ့ အတက်နိုင်ဆုံး ကြိုးစားပြီး သက်သေလာရောက် ထွက်ဆိုပေးစေလိုကြောင်း မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရေးလာတဲ့စာကို ဖော်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly