လိပ်ကျွန်း လူသတ်မှုနှင့် ဆက်စပ်လျက် ထိုင်းတရားရေး ဝက်ဘ်ဆိုက် ၃၀၀ ကို ဟက်ကာများ ပိတ်ပစ်

လိပ်ကျွန်း လူသတ်မှုနှင့် ဆက်စပ်လျက် ထိုင်းတရားရေး ဝက်ဘ်ဆိုက် ၃၀၀ ကို ဟက်ကာများ ပိတ်ပစ်

Anonymous ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့နှင့်အတူ အခြားဟက်ကာများက လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်စီရင်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် ထိုင်းနိုင်ငံက တရားရေးဌာနများနှင့် အစိုးရ ဝက်ဘ်ဆိုက်ပေါင်း ၃၀၀ နီးပါးကို ဟက်ကာ တိုက်ခိုက်ကာ ပိတ်ပစ်ခဲ့သည်။

ထိုင်းရဲဌာန ဝက်ဘ်ဆိုက်များကို ဇန်နဝါရီ ၅ ရက်က တိုက်ခိုက်ခဲ့သည့် မြန်မာနိုင်ငံမှ ဖြစ်ဖွယ်ရှိသော ဟက်ကာအုပ်စု Anonymous ၏ ဖေ့ဘုတ်ပို့စ်တွင် လိပ်ကျွန်းစီရင်ချက်ကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းတရားရေး ဝက်ဘ်ဆိုက်အားလုံးကို ပိတ်ပစ်ခဲ့ကြောင်း ရေးသားထားသည်။

ထို့အပြင် အဆိုပါ ဖေ့ဘုတ်ပို့စ်တွင် ထိုင်းရဲများက နိုင်ငံခြားသားခရီးသည်များ အပါအဝင် စုံစမ်းစစ်ဆေးမှုများကို ပြန်လည် လုပ်ကိုင်ဆောင်ရွက်သည့် အချိန်အထိ ထိုင်းနိုင်ငံသို့ မသွားကြရန် ကမ္ဘာလှည့်ခရီးသွားများကို တိုက်တွန်းရေးသားထားသည်။

ပို့စ်တွင် "Blink Hackers Group"ဟု စာတမ်းရေးထိုးထားပြီး ထိုင်းအလံပေါ်တွင် လက်ခလယ်ထောင်ပြထားသည့် ဂရပ်ဖစ်ပုံကိုပါ တင်ခဲ့သည်။ ဟက်ကာတိုက်ခိုက်ခဲ့သည့် ဝက်ဘ်ဆိုက်ပေါင်း ၂၉၄ ခုကိုလည်း ဖော်ပြထားသည်။ အဆိုပါ ဝက်ဘ်ဆိုက်များက နေ့လည် ၁ နာရီခွဲအထိ ဝင်မရဖြစ်နေသည်။

တိုက်ခိုက်သည့် ဝက်ဘ်ဆိုက်စာရင်းများတွင် တရားရေးဌာန ဝက်ဘ်ဆိုက် အားလုံးပါဝင်ပြီး ချင်းမိုင်ခရီးသွား ဧည်သည့် ကာကွယ်ပေးရေး ဝက်ဘ်ဆိုက်လည်း ပါဝင်ကြောင်း သိရသည်။

Blink Hacker Group က ခရစ္စမတ်အကြိုတွင် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ကော့စမွီတရားရုံးက သေဒဏ်စီရင်လိုက်ခြင်းအပေါ် အွန်လိုင်းပေါ်တွင် ရှေ့တန်းမှ ဆန့်ကျင်နေသည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags