ကုလသမဂ္ဂက တောင်းဆိုသော်လည်း မလေးရှားက ဒုက္ခသည်များကို အလုပ်လုပ်ကိုင်ခွင့်မပေး

ကုလသမဂ္ဂက တောင်းဆိုသော်လည်း မလေးရှားက ဒုက္ခသည်များကို အလုပ်လုပ်ကိုင်ခွင့်မပေး

(ကွာလာလမ်ပူ)။ ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မေတ္တာရပ်ခံနေလင့်ကစား မလေးရှားနိုင်ငံက ၎င်းနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို နိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဇွန် ၂၄ ရက်တွင် ပြောခဲ့သည်။

လူသားရင်းမြစ် ဝန်ကြီးဌာန ဝန်ကြီး အစ္စမေးလ်မူတာလစ်က နိုင်ငံတွင်း ရှိနေသည့် ဒုက္ခသည်နှင့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ တစ်သိန်းခွဲကျော်ကို နိုင်ငံတွင်း အလုပ် လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြင့် အလုပ်သမား ဈေးကွက်တွင်
ပြဿနာများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း လွှတ်တော်တွင် ပြောခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက်က လွှတ်တော်သို့ မလေးရှားနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် လာရောက်ခဲ့ပြီး ဥပဒေပြု အမတ်များသို့ မလေးရှားနိုင်ငံတွင်း UNHCR လက်မှတ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များကို အလုပ်လုပ်ပိုင်ခွင့်ပေးရန် တိုက်တွန်းခဲ့သည်။

"နိုင်ငံတွင်းမှာ UNHCR ကတ်ကိုင်ထားသူတွေ အရမ်းများသွားလိမ့်မယ်။ သူတို့တွေ နိုင်ငံတွင်း ဝင်ရောက်လာတာကိုလည်း ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။” ဝန်ကြီး အစ္စမေးလ်ကပြောပြီး မလေးရှားနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား ၁ ဒသမ ၉ သန်းရှိနေပြီး တစ်သန်းကျော်ထက် မနည်းက တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားများ
ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများမှ အလုပ်သမားများ အလုပ်လုပ်ရန် လာရောက်မှု အများဆုံး
နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly