ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များက မားစ်အလွန် နာလန်ထရေး အစီအစဉ်များ အဆိုပြု

ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များက မားစ်အလွန် နာလန်ထရေး အစီအစဉ်များ အဆိုပြု

သည်ကိုဂျီးယန်း ဟာရယ် (ဆိုးလ်)။ ။ မကြာသေးမီက အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ရောဂါ မားစ် (MERS)ရဲ့ ရိုက်ခတ်မှုကို ခံရပြီး စိုက်ဆင်းသွားခဲ့သည့် ပြည်တွင်းစီးပွားရေးကို ပြန်လည်လှုပ်ရှား အသက်ဝင်လာရေး လုပ်ငန်း အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ရန် တောင်ကိုရီးုယား၏  စီးပွားရေး အသိုက်အဝန်းက တောင်းဆိုလိုက်သည်။

‘‘မားစ်သောကတွေက အသက်မဲ့နေတဲ့ စီးပွားရေးကို ဆွဲချသွားခဲ့လို့ စီးပွားရေး ခေါင်းဆောင်တွေက အခုလို စိတ်ကူးရလာခဲ့တာပါ’’ ဟု တောင်ကိုရီးယား စီးပွားရေးနှင့် စက်မှုလုပ်ငန်းဌာန (KCCI) ဥက္ကဋ္ဌ ပက်ယောင်မန်းက
ပြောကြားသည်။

KCCI က ပြုလုပ်ခဲ့သည့် လတ်တလော စစ်တမ်းတစ်ခုအရ ပြီးခဲ့သောလက မားစ်ရောဂါ ကူးစက်ပံျ့ပွားမှုကြောင့် အထူးသဖြင့် အသေးစားနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းငယ် ကလေးများမှာ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်ကုန်ကြသည်ဟု ဆိုသည်။ နိုင်ငံခြားဝယ်လက်များ နှင့် အစည်းအဝေးတွေကို ဖျက်သိမ်းလိုက်ရခြင်း၊ ရောင်းအား သိသိသာသာ ကျဆင်းသွားခြင်း စသည့် ပြဿနာများကို ကြုံတွေ့ခဲ့ကြရသည်ဟု ဆိုသည်။

‘‘မားစ်သောကများကြောင့် ဖြစ်ရတဲ့ အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းပြီး အားနည်းချည့်နဲ့ နေတဲ့ စီးပွားရေးကို
သွေးသစ်လောင်းဖို့အတွက် အစိုးရနဲ့ ကော်ပိုရေးရှင်းကဏ္ဍတို့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်း အလုပ်လုပ်ဖို့ဟာ အရေးကြီးပါတယ်’’ ဟု ပက်က ပြောကြားသည်။

စီးပွားရေးကို မြှင့်တင်ရန် ကော်ပိုရေးရှင်းအဆင့်တွင် ဆွေးနွေးနေသည့် အလုပ်အစီအစဉ်များထဲတွင် စီစဉ်ထားသည့်အတိုင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး ရင်းနှီးမြှုပ်နှံခြင်းနှင့် နိုင်ငံခြား ဧည့်သည်များ ကိုရီးယားသို့ ပြန်လာရေး အထောက်အကူပြုခြင်းများ ပါဝင်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly