အဆိုတော် ဖြိုးAက ၏ ဆုတောင်း အမည်ရှိ တစ်ကိုယ်တော်အခွေ ဇန်နဝါရီ ၁၇ရက်တွင် ထွက်ရှိမည်

အဆိုတော် ဖြိုးAက ၏ ဆုတောင်း အမည်ရှိ တစ်ကိုယ်တော်အခွေ ဇန်နဝါရီ ၁၇ရက်တွင် ထွက်ရှိမည်

ရန်ကုန် ၊ ဇန်နဝါရိ ၁၃ ။         ။ အဆိုတော် ဖြိုးAက ၏ ဆုတောင်းဟု အမည်ပေးထားသည့် ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဇန်နဝါရီ ၁၇ရက်တွင် Bo Bo Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိသွားမည် ဖြစ်သည်။

အဆိုတော် ဖြိုးAက ၏ ဆုတောင်းအမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများနှင့် တွေ့ဆုံသည့် အခမ်းအနားကို ဇန်နဝါရီ ၁၂ရက်တွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင် လမ်းမပေါ်ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထို တစ်ကိုယ်တော် တေးအယ်ဘမ်တွင် တေးရေး ဆရာများအဖြစ် ဒီယံ၊ သော်တ၊ ဂျူးလေး ၊ ဝေလျံ၊ FOL နှင့် အဆိုတော် ဖြိုးAက ကိုယ်တိုင် ရေးသားထားသည့် တေးသီချင်း ၉ပုဒ် လည်း ပါဝင်သည်။

အဆိုတော် ဖြိုးAက က“လူငယ်တွေ ကြိုက်နှစ်သက်မယ့် တေးသီချင်း အများစု ပါဝင်ပါတယ်။ ကျွန်တော် သူများတွေ ထက် အခွေထွက်တာ နောက်ကျပါတယ်။ ဒီအခွေကို စိတ်ရှည်လက်ရှည် နဲ့ စောင့်ပေးတဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်။ ကျွန်တော့် အခွေထွက်ရင်လည်း သူတို့ အားပေးမယ်လို့ယုံကြည်ပါတယ်” ဟု ပြောသည်။

တေးသီချင်း ၁၅ပုဒ် ပါဝင်ပြီး အမျိုးအစား အဖြစ် Pop ၊ R&B ၊ Pop Rock ပုံစံများ ပါဝင်ကာ Featuring အဆိုတော်များ အနေဖြင့် ဟဲလေး၊ ဇော်ပိုင်၊ ဝေလျံ၊ အစ္စဏီ၊ ဒီယံ၊ သော်တ၊ ဒီဖြိုး တို့မှ ပါဝင် သီဆိုပေးထားသည်။

တစ်ကိုယ်တော် အခွေ အတွက် ၃နှစ် အချိန်ယူ လုပ်ခဲ့ရပြီး ၂၀၁၀ ခုနှစ်မှ စတင်ကာ ဂီတလောကထဲ စတင် ရောက်ရှိ လာခဲ့သူ ဖြစ်သည်။ အတွဲခွေ တစ်ချို့တွင် ပါဝင်သီဆိုခဲ့ပြီး ယခုအခါတွင် ပထမဆုံး တစ်ကိုယ်တော် အနေဖြင့် ထွက်ရှိခြင်း ဖြစ်သည်။

ဆုတောင်း တစ်ကိုယ်တော် အခွေကို ဇန်နဝါရီ ၁၇ရက်တွင် ထွက်ရှိမည် ဖြစ်ပြီး အခွေထွက်ရှိသည့် နေ့တွင်လည်း ပရိုမိုးရှင်း ပြုလုပ်ရန်လည်း စီစဉ်ထားသည်။ လက်ရှိတွင် MTV အခွေ အတွက် တေးသီချင်း ၂ပုဒ် ရိုက်ကူး ပြီးစီးထားပြီ ဖြစ်ပြီး ကျန်ရှိသည့် တေးသီချင်းများကိုလည်း မကြာမီ ရိုက်ကူးသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly