ယူရို ၂၀၁၆ တွင်ဒေးဗစ်ဗီလာပြန်ပါလာနိုင်ဟု စပိန်နည်းပြဒဲလ်ဘော့စကေးပြော

ယူရို ၂၀၁၆ တွင်ဒေးဗစ်ဗီလာပြန်ပါလာနိုင်ဟု စပိန်နည်းပြဒဲလ်ဘော့စကေးပြော

ဇန်နဝါရီ ၁၃၊ စပိန် ။           ။ ယူရို ၂၀၁၆ ပြိုင်ပွဲဝင်စပိန်အသင်းတွင် တိုက်စစ်မှူးဒေးဗစ်ဗီလာပြန်ပါလာနိုင်ချေရှိမှုကို ငြင်းဆန်မည်မဟုတ်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေးကပြောသည်။

စပိန်အသင်းအတွက် ၉၇ ပွဲကစား ၅၉ ဂိုးသွင်းထားပြီး ထိပ်တန်းဂိုးသွင်းသူတစ်ဦးဖြစ်နေသည့် နယူးယော့ခ်စီးတီးတိုက်စစ်မှူးသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း စပိန်အသင်းတွင်ရွေးချယ်ခြင်း မခံရတော့သူဖြစ်သည်။

စပိန်လက်ရွေးစင်အသင်းနှင့်ပွဲ ၁၀၀ ကျော်ရန် လက်ရွေးစင်အသင်း၌ပြန်လည်ပါဝင်နိုင်ရန် ပစ်မှတ်ထားနေသည်ဟု ဒေးဗစ်ဗီလာက ပြီးခဲ့သည့်လတွင်ပြောထားပြီး ဒဲလ်ဘော့စကေးကလည်း အောင်မြင်မှု ရခဲ့သည့်ယူရို ၂၀၀၈ အသင်းမှ ကစားသမားအချို့ကိုပြန်ရွေးရာ၌ ဒေးဗစ်ဗီလာလည်း တစ်ဦးအပါအဝင်ဖြစ်အောင် တံခါးဖွင့်ပေးထားခြင်းဖြစ်သည်။

"ဘယ်သူ့ကိုမှ မဖယ်ရသေးပါဘူး။ ၂၀၀၈ တုန်းကပါခဲ့တဲ့ ငါးယောက်၊ ခြောက်ယောက်လောက်က ကစားနေတုန်းပါပဲ။ အပြောင်းအလဲလုပ်ရ တာကို ကျွန်တော်ကြိုက်ပါတယ်"ဟု ဒဲလ်ဘော့စကေး ကပြောသည်။

ဒီယေဂိုကော်စတာအနေဖြင့်လည်း ချယ်လ်ဆီးတွင်ပြသနေသည့်ခြေစွမ်းကိုဆက်ထိန်းထားပါက နေရာတစ်နေရာရမည်ဖြစ်ကြောင်းနှင့် အက်သလက်တီကိုမှ နီဂွက်ဇ်အတွက်လည်း အခွင့်ရေးရှိနေကြောင်း ဒဲလ်ဘော့စကေးက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly