ငါးကြိမ်မြောက် Ballon d'Or ဆုရှင် မက်ဆီကို Adidas မှ ပလက်တီနမ် ဖိနပ် လက်ဆောင်ပေးအပ်

ငါးကြိမ်မြောက် Ballon d'Or ဆုရှင် မက်ဆီကို Adidas မှ ပလက်တီနမ် ဖိနပ် လက်ဆောင်ပေးအပ်

စပိန်၊ ဇန်နဝါရီ ၁၃ ။            ။ ငါးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် လီယွန်နယ်မက်ဆီကို ၎င်း၏ စပွန်ဆာကုမ္ပဏီဖြစ်သည့် adidas မှ ပလက်တီနမ်အစစ်ဖြင့် ပြုလုပ်ထားသော အဖြူရောင် ဖိနပ်တစ်ရံ လက်ဆောင်ပေးအပ်ခဲ့သည်။

ထိုဖိနပ်၏အတွင်းပိုင်းတွင် စပိန်ဘာသာဖြင့်  'El mas grande de todos los tiempos' ဟု ရေးထိုးထားသည်။ အဓိပ္ပါယ်မှာ ထာဝရအကောင်းဆုံးဘောလုံးသမားဟု ဆိုလိုခြင်းဖြစ်သည်။

ဖိနပ်၏နောက်ပိုင်းတွင် ရွှေဘောလုံးဆု ငါးဆုကို ရည်ညွှန်းသော ရွှေရောင်အစက်လေးစက်နှင့် ပလက်တီနမ်အစက် တစ်စက်တို့ကို မက်ဆီ၏လိုဂို၊ adidas လိုဂိုများနှင့် တွဲဖက်ပုံဖော်ထားသည်။

Adidas ကုမ္ပဏီသည် ပလက်တီနမ်ဖြင့်ပြုလုပ်ထားသော ဖိနပ်ကို ပထမဆုံးအကြိမ် ပုံစံထုတ်ပြုလုပ်ပေးခြင်းဖြစ်ပြီး ၁၅ ရန်သာ ထုတ်လုပ်ထားသည်။

မက်ဆီသည် ၎င်းရရှိထားသော ရွှေဘောလုံးဆု ငါးဆု၊ ဘာစီလိုနာအသင်းအင်္ကျီ၊ အာဂျင်တီးနားအသင်းအင်္ကျီတို့ကို ရှေ့တွင်ချပြီး adidas အင်္ကျီဝတ်ဆင်ကာ ရိုက်ကူးထားသော ဓာတ်ပုံကို လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထို့အပြင် ပလက်တီနမ်ဖိနပ်နှင့် ရွှေဘောလုံးဆု ငါးဆုတို့ကို အတူတွဲဖက်ကာရိုက်ကူးထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly